Not Baby But Cuttie : 2

16.2K 1.3K 209
                                    

📌Unicode

မင်းမျက်နှာလေးကို
အတွေးထဲမှာ ပုံဖော်ကြည့်ပြီး
မင်းအကြောင်းလေးတွေ
စဉ်းစားရတဲ့အချိန်တိုင်း
ကိုယ့်အတွက် သုခဘုံပါပဲ။
ဒါပေမဲ့ ဒီခံစားချက်တွေကို မင်းသိအောင်
ဖွင့်ဟပြဖို့တော့ စိတ်ကူးမရှိ ။

•:•:•:•:•:•:•:•:

"ချစ်သူလေး ဂျွန်ဂျောင်ကု"

တစ်ဦးတည်းသော ကြင်သူလေးဖြစ်တဲ့
ဂျွန်ဂျောင်ကု ရဲ့ အကြောင်း ၊ သူဘယ်လောက် မြတ်နိုးစရာကောင်းကြောင်းကို ဖွဲ့နွဲ့ခိုင်းနှိုင်း တင်စားပြောရရင်​တော့ ဒီစာတစ်မျက်နှာ မပြောနဲ့ ဒီတသက် ကုန်​နိုင်​ဖွယ်ရာမထင်​ ။

ဒါ့ကြောင့် နှလုံးသား Diary လေးထဲမှာ သူ့အကြောင်းကို အပြည့်အစုံ ရေးမှတ်ပြီး
အနက်ရှိုင်းဆုံးနေရာမှာ သိမ်းထားတယ် ။
ခေါင်းစဉ်လေးကတော့ "မောင့်ရဲ့ သက်လယ်" တဲ့။

သူ ကျွန်တော်ရဲ့ မန်နေဂျာလေးအဖြစ်
အနားမှာ ရှိနေပေးခဲ့တာ ၂ နှစ် ကျော်ခဲ့ပြီ ။

V ဆိုတဲ့ နာမည်ကြီးမင်းသားလေးဖြစ်တဲ့
ကျွန်တော့်ရဲ့အလုပ်ကိစ္စအ၀၀ကို
စီမံအုပ်ချုပ် ခန့်ခွဲ ပေးရင်း သူ့တာဝန်မှန်သမျှကို ကျေပွန်စွာ ထမ်းရွက်ပေးခဲ့သူလေးပေါ့ ။

သူက ကျွန်တော့်ထက် အသက်၃ နှစ်ကြီးတယ် ။ ကျွန်တော်က အခု ၂၄ ပြည့်မှာဆိုတော့
သူက ၂၇ နှစ် ရှိပြီဆိုပါတော့ ။
ကျွန်တော့်ရဲ့ ကိုကို ပေါ့လေ။

သူကျွန်တော့်ဆီ မန်နေဂျာ အဖြစ် အလုပ်လာမလုပ်ခင် Landon မှာ MBA ဘွဲ့ရဖို့ ပညာသင်ကြားနေခဲ့တာဆိုပဲ ။

ပညာတတ် ရုပ်ချော ၊ စမတ်ကျပြီး တည်ကြည်ခန့်ညားလွန်းသလို အလုပ်လုပ်တာကလဲ အပြစ်ပြောစရာမရှိ ။အရမ်းစေ့စပ် တိကျသေချာကာ အရည်အချင်းရှိသူ တစ်ယောက်ပါ။

ကျွန်တော်သူ့ကို ယုံကြည်တယ် ။
လေးစားတယ် ။ တန်ဖိုးထားတယ် ။

ကျွန်တော့် Schedule တွေ
သူစီစဉ်ပေးရင် အားလုံးကွက်ကိ အိုကေတယ်။လွဲချော်မှုဆိုတာ မရှိဘူး ။ Cancel လိုက်ရတဲ့ အလုပ်ကိစ္စဆိုတာ မရှိဘူး ။

Not Baby But Cuttie [Completed]Where stories live. Discover now