Not Baby But Cuttie : 9

8.5K 880 351
                                    

📌Unicode

"Korean Drama Award" ဆိုတဲ့ စာသားတွေနဲ့ ထင်းနေတဲ့ စင်မြင့်ကြီးက ကြီးကျယ် ခမ်းနားလှပနေသလို ပွဲခင်းတစ်လျှောက် ဖြန့်ကျက်ထားတဲ့
စလိုက်မီးရောင်စုံက ဖြိုးဖြိုးဖျတ်ဖျတ်
တလက်လက် ။

☀ ☀ ☀ ☀ ☀☀ ☀ ☀

နောက်ဆုံးမှာတော့ အားလုံးမျှော်လင့် စောင့်စားနေခဲ့တဲ့ Korean Drama Award ပွဲတော်သို့ ရောက်ရှိလာခဲ့လေပြီ ။

ပွဲကျင်းပရာ ခန်းမဆီ အဝင်ဝမှာကထဲက စောင့်ကြိုနေကြတဲ့ ပရိတ်သတ်တွေက တအုံတခဲကြီး ။

ကျွန်တော် ကားပေါ်က ဆင်းလာပြီး လျှောက်လမ်းဖြစ်သည့် အနီရောင် ကော်ဇောထက် လှမ်းလာချိန်မှာတော့ အော်လိုက်ကြတဲ့ အသံတွေ ။
'V' ဆိုတဲ့ ခေါ်သံလေးတွေက ညံလို့ ။

လူအုပ်ရှိရာ လမ်းဘေးတစ်ဖက်တစ်ချက်စီကို လှည့်ကာ အသာအယာပဲ ပြုံးပြီး လက်ပြနှုတ်ဆက်တော့ အော်ကြဟစ်ကြ တဲ့အသံတွေနဲ့အတူ ကင်မရာမီးတွေက တဖြတ်ဖြတ်နဲ့ မှတ်တမ်းတင်လျက် ။

ခန်းမထဲဝင်ပြီးနောက် ကျွန်တော့်အတွက် သတ်မှတ်ထားတဲ့ VIP နေရာမှာ ဝင်ထိုင်တော့ ဂျောင်ကုကလဲ ကျွန်တော့်ဘေးက ခုံမှာ နေရာယူလိုက်တယ် ။

ပွဲစတင်ပြီဆိုတာနဲ့ ဖျော်ဖြေမှု တစ်ခုလုပ်လိုက် ဆုတစ်ခု ကြေငြာလိုက်လုပ်ရင်း...ဆု ၄ ခု ၅ ခု ကြေငြာလို့ အပြီး ပွဲအရှိန်မြင့်တက် လာချိန်မှာတော့ ရင်ခုန်စိတ်လှုပ်ရှားမှု တွေကလဲ အထွတ်အထိပ်သို့ ။

အဲလိုကနေ ပရိတ်သတ်အားလုံး
ကျွန်တော့်ကို ဝိုင်းပြီး ထင်ကြေးပေးထားသော
"Top Excellent Actor" ဆုကို ကြေငြာချိန်မှာတော့ ရင်တွေက အတိုင်းအဆမဲ့ ခုန်နေခဲ့ပြီ ။

"ပရိတ်သတ်အားလုံးဖြစ်စေချင်တဲ့ မျှော်လင့်နေကြတဲ့အတိုင်းပဲ ဒီဆုကို ထိုက်ထိုက်တန်တန်နဲ့ ဆွတ်ခူးရရှိသွားသူက မင်းသား V ပဲဖြစ်ပါတယ်"ဆိုတဲ့ Announcer ထံမှ အသံထွက်ပေါ်လာတယ်ဆိုရင်ပဲ

ပရိတ်သတ်ရဲ့ ဝမ်းသာအော်ဟစ် လက်ခုပ်တီး အားပေးသံတွေနဲ့အတူ စလိုက်မီးရောင်စုံက ကျွန်တော်ရှိရာ စားပွဲဝိုင်းနားမှာပဲ ဖြတ်ပြေးနေလေတော့ ထိုအရာတွေကြားထဲမှာ လူက အပျော်လွန်ပြီး နတ်ပြည်ထိတောင် ရောက်သွားသယောင် ... ဝမ်းသာကြည်နူးမှုက အတိုင်းထက်အလွန် ။

Not Baby But Cuttie [Completed]Where stories live. Discover now