📌Unicode
ပျော်စရာအချိန်တိုင်းဟာ
နိဗ္ဗာန်ဘုံဆို
ကိုယ့်အနားမှာ မင်းလေးရှိလို့သာ
ပျော်နေတယ်ဆိုတာကို ယုံ ။:•:•:•:•:•:•
အိမ်ရှေ့ ရေကူးကန်ကြီးထဲမှာ စိတ်တိုင်းကျရေကူးပြီးနောက် အခန်းထဲကို ဝင်လာတဲ့ ကျွန်တော့်ရဲ့ ကိုကို ။
အပေါ်ပိုင်းက ဗလာကျင်းနေပြီး အောက်ကလဲ တဘတ်တစ်ထည်ကိုသာ ပတ်ထားတယ် ။
ရေချိုးပြီးကာစမို့ ကိုကို့ ရဲ့ ရေစိုနေတဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းက ယောင်္ကျားပီသမှုကို ဖော်ပြနေပြီး အဖုအထစ်အမို့အမောက်တွေနဲ့ တောင့်တင်းနေတဲ့ ကြွက်သားတွေရယ် ဗိုက်ကြွက်သား Six Picks ကြီးရယ်က ဆွဲဆောင်မှု ပိုရှိနေလေတယ် ။
" ဂလု "
အာ့ ကျွန်တော် တံတွေးမြိုချမိတာ ...။
ကျွန်တော်လဲ မင်းသားမို့ Body ဖြောင့်အောင် တောင့်အောင် လေ့ကျင့်ကစားထားပေမဲ့ ကျွန်တော့်ထက် ပိုမိုက်တဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ချစ်သူရဲ့ ခန္ဓာကိုယ်ကိုမြင်တော့
"Aigoo ...သဘောကျလိုက်တာ"
"အင် Baby က ဘာကို သဘောကျနေတာလဲ ??"
ဟိုက် သေပြီဆရာ ... စိတ်ထဲက သဘောကျကြောင်းပြောနေမိတာ ပါးစပ်က ဘယ်လိုလုပ်ပီး ထွက်သွားပါလိမ့် ။
"ဟဟဟ ... ဘာလဲ ... ကိုယ့်ကလေးက ကိုကို့ Body ကိုကြည့်ရင်း သဘောတွေကျနေတာလား ! မရိုးတော့ဘူးနော် "
ရေစိုဆံပင်ကို တဘတ်နဲ့ ခပ်ဖွဖွသုတ်နေရင်းက သူခိုးလူမိမို့ ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ ကျွန်တော့်ကို လှမ်းကြည့်ကာ စရင်း ၀မ်းသာအားရနဲ့ ရယ်နေတဲ့ ကိုကို စုတ် ...
ရှက်လိုက်တာဗျာ။
အာ့ ၀ဋ်လည်တာနေမှာ ... ကိုကို့ ကို ခုလေးတင် နှာဘူးဆိုပြီး စနောက်ထားခဲ့တာ ... ခုတော့ ကိုယ့်အလှည့်တန်းရောက်ပြီ ။
ဘယ်လို စနောက်ခဲ့လဲ့ဆိုတော့ အဖြစ်က တကယ်တော့ ဒီလို ...
အိမ်ရှေ့ကကြည်ပြာရောင် ရေကူးကန်ကြီးထဲမှာ ရေကူးကြည့်ချင်တယ်... ရေကူးရအောင်ဆိုပြီး ကျွန်တော်က သူ့ကို အရင်ပူဆာခဲ့တာ ။
YOU ARE READING
Not Baby But Cuttie [Completed]
Romance"ကလေးလေးမဟုတ်တော့ပေမဲ့ ကလေးထက် ပိုမိုချစ်စဖွယ်ကောင်းသူ ထိုလူသားကို ကျွန်တော်သည် မြတ်မြတ်နိုးနိုး ချစ်မိခဲ့ပါသည်" "ကလေးလေးမဟုတ်တော့ပေမဲ့ ကလေးထက် ပိုမိုချစ်စဖွယ်ကောင်းသူ ထိုလူသားကို ကျွန်တော်သည် မြတ်မြတ်နိုးနိုး ချစ်မိခဲ့ပါသည်" He is not baby...