Not Baby But Cuttie : 7

7.6K 806 194
                                    

📌Unicode


မ​နေ့က Villa d'Este Garden ထဲမှာ ရိုက်ကူးခဲ့တဲ့ Eating Jin အစီအစဉ်က Italy မှာ ရှိစဉ်အတွင်း နောက်​ဆုံးရိုက်ကူးရေးဖြစ်လေသည်မို့ မနေ့ကထဲက အလုပ်​အားလုံးက​အောင်​မြင်​စွာ ပြီးစီးသွားခဲ့လေသည် ။

ထို့ကြောင့် အမိမြေ အိမ်တော်ဆီသို့ ပြန်ရန်အတွက် အခု Korea ကို သွားမဲ့​လေယာဉ်​ပေါ်သို့ ရောက်နေခဲ့ပြီ ။

ဆော့ဂျင် က​တော့ Italy မှာ ရိုက်ကူးရေးပြီးတော့ နောက်ထပ်အစီအစဉ်အနေနဲ့ ရိုးရာအစားအစာကောင်းတွေ အများကြီးရှိတယ်ဆိုပြီး နာမည်ကြီးနေတဲ့ Myanmar နိုင်ငံကို သွားပြီး Eating Jin Program ရိုက်ကူးမှာမို့ ကျွန်တော်တို့နဲ့အတူ ပြန်လိုက်လာခြင်းမရှိခဲ့။

အဲ့​တော့ အခု Koreaကို ပြန်မဲ့သူက ကျွန်​တော်​နဲ့ ကျွန်တော့်မန်နေဂျာလေး ဂျောင်ကု နှစ်​ယောက်​တည်း​ပေါ့ ။

ကျွန်တော်လဲ "Korean Drama Award" ပွဲသာ မရှိရင် ဆော့ဂျင် နဲ့အတူ Myanmar နိုင်ငံကို ဆက်လိုက်သွားဖြစ်လောက်ရဲ့ ။

Eating Jin Program ရိုက်ရတာ တကယ်ပျော်စရာကောင်းတာမို့ Jin နဲ့ လက်တွဲပြီး နောက်ထပ် Program တိုင်းကို ပါဝင်ခွင့်ရရင် အကောင်းသား။

နိုင်ငံတွေ လှည့်ပတ်သွားရလို့ ဗဟုသုတနဲ့ အတွေ့အကြုံသစ်တွေ ပိုရသလို နာမည်ကြီး ရိုးရာအစားအစာတွေ စားကြည့်ရတော့လဲ အရသာအသစ်တွေကြောင့် ခံစားချက်အသစ်ကို  ဖြစ်ပေါ်စေပြန်တာပဲ။

ထို့ကြောင့် ကျွန်တော် သဘောအကျကြီး ကျနေမိတာ မဆန်းပါဘူး ။

ဒါပေမဲ့ ကျွန်တော်သာ ဆော့ဂျင် လို အဲ့အစီအစဉ်သာ  တောက်လျှောက် ရိုက်ကူးနေရရင် သေချာတယ် မကြာခင် ဖက်တီးပုတ်ကြီး ဖြစ်လာမလားပဲ ။

ဆော့ဂျင်ကတော့ ဒီလောက်စားသောက်နေပေမဲ့ 
ဝိတ်ကို ထိန်းထားနိုင်တာကတော့ အားကျစရာကောင်းတာ အမှန် ။

လေ့ကျင့်ခန်းပဲ မှန်မှန်လုပ်လို့လား ဒါမှမဟုတ် ဘာဆေးတွေစားပြီး ဒီလောက်တောင် ကြည့်ကောင်းနေရတာလဲ မသိရလောက်အောင်ပင်။

လေယာဉ်ပေါ်ရောက်ကထဲက ဟိုဟိုဒီဒီ ရောက်တတ်ရာရာတွေးရင်းက Italy မှာ ကျန်နေခဲ့တဲ့ ဆော့ဂျင်အကြောင်းက ဘယ်ကနေဘယ်လိုရောက်ရှိလာမှန်းမသိဘဲ အတွေးထဲဝယ် စိုးမိုးထားခဲ့သည်။

Not Baby But Cuttie [Completed]Where stories live. Discover now