📌Unicode
Korean Drama Award ပွဲရောက်ဖို့က
တပတ်သာလိုတော့ပြီး အချိန်နီးကပ်နေပြီမို့
နိုင်ငံခြား ခရီးစဉ်တွေ ခဏရပ်နားထားခဲ့ပေမဲ့ အချစ်ဆုံးသူငယ်ချင်းကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် အီတလီမှာ အစီအစဉ်တစ်ခုကို ရိုက်ကူးရေးလုပ်ဖို့ ရောက်ရှိနေချိန်မှာတော့ ......:•:•:•:•:•:•:•:•:•:•:•:
In Italy ......Italy နိုင်ငံ၊ Rome မြို့တော်မှ အရှေ့မြောက်ဘက်သို့ 30 ကီလိုမီတာ ကွာဝေးသော Tivoli မြို့ရှိ သာယာလှပသော Villa d'Este Garden အတွင်းဝယ် ...
Villa d' Este Garden ကတော့ သူ့ရဲ့ထူးခြားသော သဏ္ဍာန်ပြယုတ် ဖြစ်တဲ့ ခမ်းနားထည်ဝါတဲ့ နန်းတော်ပုံစံ ၊ ရေပန်းဖွေးဖွေးလေးများ နှင့်အတူ စိမ်းမြနေတဲ့ ကန်ငယ်လေးက မြင်သူတိုင်းရဲ့ စိတ်အာရုံကို အေးချမ်းစေခြင်းအတိဖြင့် ညို့ယူ ဖမ်းစားထားလေသည် ။
ထိုမြင်ကွင်းတွေအပြင် လေယူရာယိမ်းနွဲ့နေတဲ့ ပန်းခင်းကြီးကို နောက်ခံထားပြီး စိမ်းစိုသာယာသော မြက်ခင်းထက်....စားသောက်ဖွယ်ရာ အပြည့်တင်ထားသော စားပွဲကြီးက နေရာယူထားသလို .....ထိုအစားအစာတွေကို အားရပါးရ စားသောက်ပြမဲ့ ကောင်ချောလေး နှစ်ယောက်ကလဲ မကြာခင် ရိုက်ကူးရေးစတင်တော့မည့် အသွင်ဖြင့် အသင့်ဖြစ်နေလေပြီ ။
ထို ရိုက်ကူးရေးမှာကား Eating Jin ဟူသည့် TV Program အစီအစဉ်တစ်ခုအတွက်ပင်။
နိုင်ငံတကာလှည့်ကာ အစားအသောက်မျိုးစုံကို စားသောက်ပြရင်း နိုင်ငံမျိုးစုံရှိ ရိုးရာအစားအသောက်ကောင်းတွေ နာမည်ကြီးဆိုင်တွေကို လမ်းညွှန်ပြခြင်းဖြင့် အစားကောင်းကြိုက်သူစားချင်သူတွေနှင့် ဆိုင်ကောင်းကောင်းတွေကြား ပေါင်းကူးပေးနေသည့်မို့ နာမည်ကျော်ကြား လူကြည့်များနေသည့် TV Program တစ်ခု ။
ထို Eating Jin အစီအစဉ်ကို တာဝန်ယူတင်ဆက်နေသည့်သူမှာတော့ ရုပ်ချောသဘောမနောကောင်းသလို အစီအစဉ်နှင့် လိုက်ဖက်အောင် ချစ်စဖွယ်ကောင်းစွာ စားသောက်ပြတတ်လွန်းသူ စားချင်လာအောင် ဆွဲဆောင်ပြတတ်လွန်းသူ ကင်ဆော့ဂျင် အမည်ရှိ နာမည်ကြီး
Presenter တစ်ယောက်ပင် ။
YOU ARE READING
Not Baby But Cuttie [Completed]
Romance"ကလေးလေးမဟုတ်တော့ပေမဲ့ ကလေးထက် ပိုမိုချစ်စဖွယ်ကောင်းသူ ထိုလူသားကို ကျွန်တော်သည် မြတ်မြတ်နိုးနိုး ချစ်မိခဲ့ပါသည်" "ကလေးလေးမဟုတ်တော့ပေမဲ့ ကလေးထက် ပိုမိုချစ်စဖွယ်ကောင်းသူ ထိုလူသားကို ကျွန်တော်သည် မြတ်မြတ်နိုးနိုး ချစ်မိခဲ့ပါသည်" He is not baby...