Not Baby But Cuttie : 4

9.9K 902 102
                                    


📌Unicode

'ခရမ်းရောင် မေတ္တာလေး'
တစ်ခု လက်ခံရရှိခဲ့တယ်
ထူးထူးခြားခြား တောင်းဆုလေး
တစ်ခုပဲ ပြုမိပါတယ်။
'ပေးပို့သူက မင်း' ဖြစ်ပါစေ လို့ ။

:•:•:•:•:•:•:•:•:•:•:•:

သရုပ်ဆောင် မင်းသားလေးဖြစ်တဲ့ ကျွန်တော်ရဲ့
တနေ့တာကတော့ ရိုးစင်းပါတယ် ။

ဘာလို့လဲဆိုတော့ ပုံမှန် လည်ပတ်နေရတဲ့ တနေ့တာ ဇယားထဲမှာ Shooting ရိုက်ကွင်းဆိုတာ
မပါမဖြစ် သေချာပေါက် ပါဝင်နေတာမို့လေ။

ဇာတ်လမ်းရိုက်ဖို့ လက်ခံထားမိရင်တော့ တနေ့တာ အတွက် ရိုက်ကွင်းမှာသာ အချိန်ပြည့်ရှိနေပေလိမ့်မည်။

ထို့အပြင် ခင်မင်ရင်းနှီးနေသည့် မဂ္ဂဇင်းတိုက်အချို့က အကူအညီလာတောင်းသည့် အခါမျိုးတွင်တော့ Magazine Photo Cover အတွက်... Calendar အတွက် ..Wallpaper အတွက် စသည်ဖြင့်လဲ Photo Model အဖြစ်ရိုက်ကူး ပေးသည့် အချိန်များလဲ ရှိသေးသည် ။

ဒါအပြင် ဆုပေးပွဲအခမ်းအနားမျိုးတွေမှာ Presenter အဖြစ် ဆောင်ရွက်ပေးရတာမျိုးလဲ ရှိသလို TV Program အသေးလေးတွေမှာလဲ ရံဖန်ရံခါ ပါဝင်ဖြစ်ပြန်သည်။

ကျွန်တော့ Life Style က တသမတ်တည်း ပုံစံတကျရှိနေလေသည်မို့ ထိုအချိန်ဇယားကနေတော့ ကွဲလွဲခွင့်မရှိ။

ဒါပေမဲ့ အခု "Korean Drama Awards" ပွဲကလဲ နီးပြီဆိုတော့ ဒီရက်ပိုင်းအတွင်း ဇာတ်လမ်းသစ်လက်မခံဖြစ်သေးဘဲ ရိုက်ကူးရေးတွေ ခဏနားထားသည်မို့ အလုပ်ကြီးတွေ မရှိဘဲ ကင်မ်ထယ်ယောင်း တို့ လွတ်လပ်ရေး ရနေလေပြီ။

ထို့ကြောင့် ပျော်ပျော်ပါးပါး နားနားနေနေနဲ့ အိမ်မှာသာ အနားယူရင်း အိမ်အငွေ့အသက်လေးကို အဝရှုရှိုက်ခွင့်ရတော့သည် ။

ကျွန်တော့အတွက်တော့ အိပ်ချိန်ကလွဲ အပြင်မှာပဲ အမြဲရှိနေသည်မို့ အိမ်ဆိုသည်မှာလဲ နီးရက်နဲ့ ဝေးကွာနေရသည့် အရာတစ်ခု မဟုတ်လားလေ။

Appa နဲ့ Omma ကလဲ Canada မှာပဲ
နေကြသည်မို့ ထို ကိုယ်ပိုင်တိုက်အိမ်ခြံကျယ်ကြီးထဲမှာနေရတာ ကျွန်တော် တယောက်ထဲသာ ။
တစ်ခါ တလေတော့ လဲ အရမ်း အထီးကျန်ဆန်လွန်းလှသည် ။

Not Baby But Cuttie [Completed]Où les histoires vivent. Découvrez maintenant