Sam - 5

14.8K 1.6K 17
                                    

[ Zawgyi ]

"အားးး....ကျွတ်​...ကျွတ်​"

မျက်​စိနှစ်​လုံးပွင့်​တာနဲ့ တချိန်​တည်းထိုးကိုက်​လာတဲ့ ​ခေါင်းကိုဖိကာ Chanyeolညည်းညူသံပြုမိသည်။

"ဘယ်​အချိန်​​တွေရှိကုန်​ပီလဲ?"

စားပွဲ​ပေါ်ကနာရီအ​သေး​လေးအား လှမ်းကြည့်​လိုက်​​တော့ 12နာရီ10မိနစ်​......။

"ငါ​တော်​​တော်​များသွားတာပဲ"

ကိုက်​​နေဆဲ ​ခေါင်းအားဖိထားလျက်​ပင်​ ​အောက်​ထပ်​ဆင်းလာခဲ့လိုက်​သည်​။

မီးဖို​ချောင်​ထဲ ဟိုဟိုဒီဒီရှာ​နေတဲ့ Arjumaက​တော့ ​တော်​​တော်​အလုပ်​ရှုပ်​​နေပုံ။

"Arjuma...ကျွန်တော့်အတွက်​ ပျား​ရည်ေ​လး"

"nae...အကို​လေး"

ရေခဲ​သေတ္တာထဲက ​​ရေတစ်​ဘူးကိုထုတ်​လိုက်​ပြီး ထမင်းစားစားပွဲကထိုင်​ခုံ​ပေါ်ထိုင်​လိုက်​သည်။

"Arjumaကြည့်​ရတာ အလုပ်​ရှုပ်​​နေပုံပဲ"

"ဟုတ်​တယ်
သူ​ဠေးကဖုန်းဆက်​ပြီး ည​နေကျရင် အကို​လေးရဲ့ဆရာ စာလာသင်​ရင်​ ထမင်း​ကျွေးပြီးမှပြန်​လွှတ်​တဲ့ဆိုလို့ ဖွယ်​ဖွယ်​ရာရာ​လေးဖြစ်​​အောင်​ပြင်​ဆင်​မို့ပါ"

သောက်​​နေတဲ့​ရေခဲ​ရေ​​တောင်​ ချက်​ချင်းပူလာသလိုပင်ခံစားလိုက်ရသည်။

"ရပြီ အကို​လေး"

မျက်​​ရှေ့လာချ​ပေးတဲ့ ပျားရည်​ကိုသာ တစ်​ခါ​မော့လိုက်​ရင်း။

"အားးး....ရင်​ပူလိုက်​တာ..."

"ရင်​ပူရင်​ အသီး​ဖျော်​ရည်​​သောက်​မလားအကို​လေး"

စိတ်​ညစ်​လို့​​ရေရွတ်​မိတဲ့စကားကို Arjumaကအဟုတ်​ထင်​​နေ​လေရဲ့။

"arnyi..Arjuma ကျွန်တော်​အ​ပေါ်ထပ်​မှာပဲရှိ​နေမယ်
ဘယ်​သူလာ​မေး​မေး အိပ်​​နေတယ်​လို့်​ပဲ​ပြောလိုက်​ပါ"

"အကို​လေး ထမင်း...."

"ကျွန်တော်​ ဗိုက်​ဆာမှလာဆင်းစားမယ်​"

"nae.."

ကိုယ့်​အခန်းထဲကိုယ်​ပြန်​ဝင်​ ကုတင်​​ပေါ်​မှောက်​အိပ်​ရင်း စိတ်​​တွေက က​ရောက်​ကယက်​ဖြစ်လို့နေသည်။

Sam Where stories live. Discover now