Sam - 8

13.1K 1.3K 23
                                    

[ Zawgyi ]

"Park Chanyeol!!
PotassiumကK​လေ
Sodiumက Na! ဒီအရွယ်​​ရောက်​​နေပြီကို ဒါကမှားစရာလား?"

အမှတ်​ခြစ်​ရင်း တပုဒ်​မှမမှန်​​​သေး​သော​ကြောင့်​ 
နောက်​ဆုံးအပုဒ်​​လေးလွယ်​​တော့
မှန်​ရှာမှာပါလို့​တွေးလိုက်​မိတာ…

အလယ်​တန်း​လောက်​ကတည်းက
ရင်းနှီးပြီးသားဖြစ်​ရမဲ့
Potassiumကို​တောင်​Naလုပ်​ထားတဲ့
သ​ကောင့်​သားကိုစိတ်​တိုတိုနဲ့​အော်​လိုက်​​သောလည်း.....

"ဘယ်​ကK​တွေNa​တွေ
ABCD​တွေ​ပြော​နေတာလဲဗျာ"

Baekhuunတွင် သည်းခံနို​င်​စွမ်း​တွေကုန်​လွန်​ခဲ့ပြီ​လေ။

"Park Chanyeol!!!!!!"

"အာ....Samကလည်း...
လန့်​လိုက်​တာ…
ကျွန်တော်​က ငယ်​ငယ်​တည်းက chemisrtyဆို
ဟိုလှည့်​ဒီလှည့်​နဲ့​အောင်​လာတာ...
ဘာမှမသိဘူး"

Lollipop​အစားမပျက်​ပဲ ပြန်​​ပြောလာ​သော
ပုံစံကတကယ်​ပင်​ ​အေး​​အေး​ဆေး​ဆေးနိုင်​လှသည်​​။

"Chanyeol....မင်းနဲ့ငါ ပြန်​အဆင်​​ပြေထားတာမကြာ​သေးဘူး​နော်​....
နောက်​ပြီး ငါ့ကိုစိတ်​တို​အောင်​မလုပ်​နဲ့!

Baekhyun နည်းနည်း​လေး ဆူလိုက်​မိ​တော့
ငယ်​သွားလိုက်​တဲ့မျက်​နှာဆိုတာ.....
အရင်​က Park Chanyeolမဟုတ်​သလိုပင်​.....။

"ကျွန်တော်​​နောက်​​နေ့ အာ့ဟာ​တွေ​သေချာပြန်​ကြည့်​ထားလိုက်​ပါ့မယ်​"

Chanyeolစကား​ကြောင့်​ Baekhyunပြုံးလိုက်​မိ​တော့မလိုဖြစ်​ပြီးမှ
မနည်းပြန်​ထိန်းလိုက်​ရသည်​။

"ပြီးတာပဲ! 
စာကိုအ​လေးအနက်​ထားပြီးလုပ်​!"

"nae.... Sam​ပြောတဲ့အတိုင်း ကျွန်တော်​လုပ်​မှာပါ"

မဟုတ်​​သေး....။
အခု သူက Baekhyunစကားနား​ထောင်​မယ်​ဆိုပြီး
ကောင်း​ကောင်းမွန်​မွန်​ပြန်​​ပြော​နေပင်​မဲ့
Baekhyunသဘောမကျ....။

"ကိုယ်​က မင်း​ကောင်း​စေချင်​လို့​ပြောလိုက်​တာChanyeol...
စိတ်​မ​ကောင်းဖြစ်​သွားတာလား?
မဟုတ်​ဘူးမှတ်​လား?"

Sam Where stories live. Discover now