Sam - 13

12.1K 1.3K 79
                                    

[ Zawgyi ]

1နှစ်​....။
1နှစ်​ဆိုတဲ့ အ​တောအတွင်းမှာ ​အ​ထွေအထူး​ပြောင်းလဲသွားတာ​တွေ​တော့ မရှိခဲ့....။

အရာရာအဆင်​​ပြေ​နေသလားဆို​တော့လည်း မဟုတ်​ပင်​။

တချို့ ​နေသားမကျ​သေးတဲ့အရာမျိုး​တွေရှိသည်​။

ဥပမာ.... 
ဘယ်ရယ်​မဟုတ်​ ထမင်းမစားချင်​တဲ့အခါ ​ခေါက်​ဆွဲပြုတ်​​လေးပြုတ်​စားမိရင်​....
တချိန်​က ဂရုတစိုက်​ပြုတ်​​ကျွေးခဲ့တဲ့ ​ကောင်​​လေးတစ်​​ယောက်​ကို သတိရမိတာမျိုး.....။

အိမ်​သာထဲ​ဆေးလိပ်​ခိုး​သောက်​​နေတဲ့ ​ကျောင်းသား​တွေကို ​တွေ့ရင်​....
တချိန်​က ​ခပ်​ဆိုးဆိုး​ကောင်​​လေးကို သတိရမိတာမျိုး.....။

စာကြည့်​တိုက်​​ရောက်​လို့ ​ချောင်​​နေရာတစ်​​နေရာရာမှာ အိပ်​​နေတဲ့ ​ကျောင်းသား​တစ်​​ယောက်​​ယောက်​ကို​တွေ့ရင်​.....
တချိန်​က စာသင်​ချိန်​ အတန်းလစ်​ပြီး စာကြည့်​တိုက်​မှာ လာအိပ်​တတ်​တဲ့ ငပျင်း​လေးတစ်​​ယောက်​ကို သတိရမိတာမျိုး.....။

ဆရာနား​နေခန်း​ရှေ့... ချောင်းကြည့်​​နေတဲ့ ​ကောင်​​လေးရဲ့ ​ကျောပြင်​ကို ခပ်​နာနာရိုက်​ခဲ့ဖူးသည်​။

စာသင်​ခန်း​ရှေ့ ပြုတ်​ကျ​နေတဲ့ အပြာ​ရောင်​စာအုပ်​က​လေးတစ်​အုပ်​ကို ​ကောက်​​ပေးခဲ့ဖူးသည်​။

ကျောင်း​ရှေ့က ကစားကွင်းထဲ ​ကောင်​​လေးတစ်​​ယောက်​အား အပြစ်​​ပေးကာ ​ပြေးခိုင်းခဲ့ဖူးသည်​။

အွန်း......။
အမှတ်​တရဆိုပြီး သီးသန့်​ပြုလုပ်​ခဲ့တာမျိုးမရှိခဲ့ပင်​မဲ့.....
နေရာ​တော်​​တော်​များများ.... အ​ကြောင်းအရာ​တော်​​တော်​များများမှာ.... ​ကောင်​ဆိုး​လေးနှင့်​အမှတ်​တရ​တွေရှိခဲ့ဖူးသည်​ပဲ။

ဆိုးလိုက်​တဲ့ ​ကောင်​​လေး....။
အခု ဘယ်​​တွေများ​ရောက်​ပြီး ဘာ​တွေများလုပ်​​နေမလဲ မသိ။

နောက်​ဆုံးအကြိမ်​ သူထွက်​သွားခံနီးဖုန်းဆက်​ပြီးကတည်းက....
အဆက်​အသွယ်​ပျက်​သွားခဲ့ရသည်​ပဲ။

Sam Where stories live. Discover now