Sam - 17

10.9K 1.2K 39
                                    

[ Zawgyi ]

ခပ်​လှမ်းလှမ်းက ဆိုင်​ငယ်​​လေးထဲတွင်​ မြင်​​နေရပါ​သော ပုံရိပ်​က​လေး....။

ရှေ့စားပွဲ​ပေါ်မှ ​ခေါက်​ဆွဲပြုတ်​ပန်းကန်​အား ဘယ်​လိုစိတ်​ဝင်​စားမှုမျိုးရှိ​နေသည်​​ကြောင့်​ စိုက်​ကြည့်​​နေရသည်​တဲ့လဲ....?

ဒါမှမဟုတ်​.....

တွေးလိုက်​မိ​​သော အ​တွေးစတို့အား ​ခေါင်းခါရင်းတစ်​ချက်​ပြန်​ငြင်းဆန်​လိုက်​မိသည်​။

မဖြစ်​နိုင်​ပါ....။

ကျွန်​​တော်​နှင့်​အတူရှိခဲ့ဖူး​သော အမှတ်​တရ​တွေကို သူပြန်​​တွေး​တော​နေသည်​ဆိုတာ တကယ်​ကို ယုတ်​တိမရှိသည့်​အ​တွေးတစ်​ခုပင်​။

လွန်​ခဲ့​သော တစ်​နှစ်​.....။
ကျွန်​​တော်​ဒီနိုင်​ငံထဲကမထွက်​သွားခင်​တည်းကပင်​ သူ့ထံတွင်​ပိုင်​ရှိင်​ရှိနှင့်​​နေပြီးသားပဲ...။

ိ ဆူး​အောင့်​လာပါ​သော ဘယ်​ဘက်​ရင်​အုံ​ကြောင့်​ သက်​ပြင်းတစ်​ခုကို အားထုတ်​ကာချလိုက်​မိသည်​။

နောက်​... သူတည်​ရှိ​နေရာ ဆိုင်​​လေးဆီ ဦးတည်​သွားလိုက်​​တော့သည်​။

"ကျွန်​​တော်​ ဒီမှာထိုင်​လို့ရမလား Sam?"

"ဟင်​..."

သူ့​ခေါက်​ဆွဲပန်းကန်​အား အ​ကြောင်းပြချက်​မသိ ​စိုက်​ကြည့်​​နေရာမှ အံ့သြသံတစ်​ခုပြု၍ ကျွန်​​တော့်​အား​မော့ကြည့်​လာသည်။

ံ ​"​ခုံ​တွေအကုန်​ပြည့်​​နေလို့.... ကျွန်​​တော်​ ဒီမှာထိုင်​လို့ရမလားလို့"

ထပ်​ဆင့်​ ကျွန်​​တော်​​ခွင့်​​တောင်းမိ​တော့ ​ပြာပြာသလဲ​ခေါင်းညိမ့်​ပြလာ​သော ​ကောင်​​လေးသည်​ ကျွန်​​တော့်​ထက်အသက်​10နီးပါး​လောက်​ကြီးသည်​ဆိုတာ ယုံချင်​စရာမရှိ​အောင်​ကို ချစ်​ဖို့​ကောင်း​နေသည်​။

ဘယ်​သူ့အတွက်​များ ဒီ​လောက်​​တောင်​ ချစ်​ဖို့​ကောင်း​နေရတာလဲ?

ကျွန်​​တော်​ထုတ်​မိ​သော ​မေးခွန်းအတွက်​ ​နောက်​မှကပ်​ပါလာမည့်​အ​ဖြေအား ကျွန်​​တော်​မသိချင်​!

Sam Where stories live. Discover now