Sam - 31

12.4K 1.3K 178
                                    

[ Zawgyi ]

Baekhyun Samသည် သူ့ရှေ့မှပုတက်ပုတက်နှင့် ခပ်သွက်သွက်လျောက်နေသည်။
Chanyeolသည်လည်း ထပ်ကြပ်မကွာလိုက်နေရသည်။

"ဘာလို့ ကပ်လာတာလဲ! ခပ်ဝေးဝေးကလျောက်စမ်းပါ"

အသံတိုတိုးဖြင့် အံ့ကြိတ်မြဲပလာသည်ကိုလည်း Chanyeolမှာမမှု။
ရယ်ကြဲကြဲဖြင့်!

"သွားကွာ.... တခြားမှာထိုင်စရာတွေအများကြီး တခြားသွားထိုင် သွား!"

မနက်ကကျောင်းလာတဲ့အထိတော့ ပုံမှန်အတိုင်းပင်....။
ပုံမှန်ဆိုလို့ ကျောင်းဝနားလည်းရောက်ရော သပ်သက်စီသွားကြမယ်ဆိုကာ ကားပေါ်မှအတင်းဆင်းသွားတဲ့ Baekhyunကို Chanyeolဘက်မှအလျော့ပေးလိုက်တာကြောင့် ပုံမှန်အခြေအနေတိုင်းပင်။

အခုတော့ Chanyeolအလျော့မပေးနိုင်တော့!

ထမင်းစားချိန်လေးတော့ ချစ်ရသူနဲ့အတူ ထမင်းစားချင်မိတယ်လေနော်။
မနက်ပိုင်းအတန်းချိန်မှာ သူမပါတော့ တစ်မနက်ခင်းလုံးဟာတာတာဖြစ်နေရတာကို....။
အရင်က ကုမ္မဏီသွားတဲ့အချိန်မတွေ့ရတာမှန်ပင်မဲ့ အခုဟာက တစ်မိုးအောက်ထဲရှိနေပြီးမတွေ့ရတာမျိုးဆိုတော့ အသည်းပေါက်စေသည်။

"ဒီမှာပဲ ထိုင်နေ!
ကျွန်တော်သွား'မှာ'ပေးမယ်"

Chanyeolကတော့ သူ့အကျင့်အတိုင်းဘယ်သူကိုမှဂရုမစိုက်ပဲထွက်သွားပြန်သည်။

Baekhyunမှာတော့ သူတို့နှစ်ယောက်ဆိုင်ထဲဝင်လာကတည်းက စပ်စုတဲ့အကြည့်တွေကြား နေရခက်လှသည်။

နည်းနည်းကြာတော့ ဗန်းကြီးတစ်ဗန်းမပြီးပြန်ရောက်လာသည်။
မှာလာပေးသည်က Baekhyunအကြိုက်တွေချည်းသာ....။

စားဖို့သေသေချာချာပြင်ဆင်ပေးပြီး Chanyeolသည်လည်းမျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လာသည်။

ဘေးဝိုင်းဆီမှ "ကြားထားတဲ့ သတင်းကအမှန်ပဲ"ဆိုသော စကားသံကို Baekhyunကြားလိုက်ရသည်။
Baekhyunတင်မက... Chanyeolလည်းကြားလိုက်ဟန်တူပါသည်။
ခပ်လှမ်းလှမ်းက သူတို့ကိုကြည့်ကာတီးတိုးပြောနေကြသော ကျောင်းသူတစ်သိုက်ကိုတောင် ရယ်ပြလိုက်သေးသည်။

Baekhyun ခေါင်းငုံ့ကာသာ ထမင်းဆက်စားနေလိုက်တော့သည်။

"Chanyeol!
အဲ့တာကဘယ်လိုဖြစ်သွားတာလဲ?"

Sam Where stories live. Discover now