Sam - 15

12.3K 1.3K 43
                                    

[ Zawgyi ]

တကယ်​ပင်​ သူအဆင်​​ပြေ​နေသည်​ပဲ....။

တချိန်​ကစာသင်​ချိန်​ဆို လူကို​နေရခက်​​အောင်​စိုက်​ကြည့်​​နေတတ်​တဲ့ ​ကောင်​ဆိုး​လေးဟာ
အခု​တော့ စာကိုသာစိတ်​ဝင်​တစားရှိ​နေတတ်​ပြီး...
လူကို​တောင်​ သိပ်​ဂရုမထား​တော့.....။

မသိမသာ ရင်​နာရုံကလွဲရင်​ Baekhyunဘက်​ကလည်းအဆင်​​ပြေ​ပါသည်​​လေ...။

ဒါပင်မဲ့ Baekhyun, Chanyeolဆီက​နေသိချင်​တာ​တွေရှိ​သေးသည်​။

Hyung.... Hyung​အ​ခြေအ​နေဘယ်​လိုရှိသလဲ?
U.Sမှာပဲ အ​ခြေချ​တော့မယ်​ဆိုပြီး ဘယ်​လိုဆုံးဖြတ်​ချက်​​ပြောင်းသွားရသလဲ?
ဒီနှစ်​မတိုင်​ခင်​ ဘာ​တွေများဖြစ်​ခဲ့​သေးလဲ?
စတာ​တွေ Chanyeolထံမှသိချင်​​နေ​သေးသည်​။

စကား​ပြောဖို့ သူ့ကို​တောင်းဆိုတဲ့အခါ သူ့ဘက်​ကလက်​ခံပါ့မလား?

ခါးခါးသီးသီးငြင်းလွှတ်​ခဲ့လျှင်​.....

"မင်းတို့ ဘာလို့အိမ်သာထဲဆေးလိပ်ခိုးသောက်ရတာလဲ!!"

ရုတ်တရက်မျက်စောင်းထိုးခုံမှထွက်လာသော ဆရာရဲ့ဆူပူသံကြောင့် Baekhyunပင်လန့်သွားမိသည်။

ကြည့်လိုက်တော့… ကောင်လေးနှစ်ယောက်!
ဆေးလိပ်ခိုးသောက်တာမိသွားလို့ထင်ပါရဲ့။

"ဟက်…… Park Chanyeolအတိုင်းပဲ…"

သတိလက်လွှတ်ရေရွတ်ကာ ပြုံးလိုက်မိသေးသည်။

ဒီလိုပါပဲ……
တိုက်ဆိုင်မှုတွေရှိရင် သတိတရရေရွတ်ရင်း ပြုံးနေမိတော့တာပါပဲ။

"Sam… စာစစ်ကိုတင်ပြရမယ့်စာတွေပြီးပြီလား?
ကျွန်တော်တို့ ဒီတပတ်အတွင်းအပြီးရေးပေးရမှာနော်"

"အာ… ဟုတ်သားပဲ! ကျွန်တော်မေ့နေတာ…
ဒါဆို ကျွန်တော်ကြည့်တိုက်ဘက်သွားပြီး ပြင်ဆင်လိုက်မယ်… "

ကျောင်းဆရာဖြစ်လျှင် စာမလုပ်ရတော့ဘူးလို့ထင်မှတ်ထားမိတာ…
ကျောင်းသားတွေကို သင်ပြဖို့ပြန်လေ့လာရုံလောက်နဲ့ အဆင်ပြေမည်ထင်ခဲ့မိတာ…
အခုတော့ထင်ထားသလိုမဟုတ်……

Sam Where stories live. Discover now