KISS GOODBYE ( Intro )

2.3K 97 4
                                    

                       ***** KISS GOODBYE *****
                                      
                                          Intro

အသားဖြူဖြူကောင်လေးတစ်ယောက် ပြတင်းပေါက်မှန်မှ စီးကျနေတဲ့မိုးရေစက်ကိုကြည့်ပြီး သီချင်းညည်းနေတယ် ခဏနေတော့ သူဘေးမှာအိပ်ပျော်နေတဲ့ မျက်ခုံးထူထူလူကြီးကို ကြည့်ပြီးပြုံးကာ အိပ်ပျော်နေတဲ့သူအနှောင့်အယှက် မဖြစ်အောင် ဖွဖွလေးအနမ်းချွေလိုက်တယ်
ဒီနေ့ထိုကောင်လေးအရမ်းပျော်နေတယ် သူမိုးရေတွေကိုချစ်တယ် ဒီမိုးရေကြောင့် သူနဲ့သူ့ဘေးမှာအိပ်နေတဲ့သူနဲ့ တွေ့စေခဲ့လို့

ဒီလိုမိုးရွာနေတော့ အရင်က တွေ့ဆုံခြင်းရဲ့အမှတ်တရနေ့ကို ပြန်လည်သတိရစေခဲ့တယ်

*
*
*

မိုးတွေရွာနေတဲ့ ညတစ်ညမှာ ဖြူဖြူသေးသေး ကောင်းလေးတစ်ယောက် လမ်းဘေးမှာ ရပ်ပြီးငိုနေတယ်

"ဘာဖြစ်ထားတာလဲ" ကားပေါ်မှ မျက်ခုံးထူထူနဲ့လူကြီး စိတ်ပူသလိုမေးတော့ ထိုကောင်လေးလည်း ပါးပြင်မှမျက်ရည်စတို့ကို သုတ်ကာ ကားထဲက သဘောကောင်းတဲ့ လူကြီးကိုကြည့်နေတယ်

" ဘယ်သွားမှာလဲ " ကားပေါ်က သူ မေးလာတော့ ထိုကောင်လေးမှာ ပြန်ဖြေစရာစရားသို့ မရှိပါ ဘာကြောင့်လည်းဆိုသူ့မှာ သွားစရာမရှိပါ

ကားပေါ်ကလူကြီးက " ကားပေါ်အရင်တက်လာပါလား " ပြောပြီး ကားတံခါး lock ဖွင့်ပေးလိုက်တယ်
ကောင်လေးလည်း တခဏမျှစဉ်းစားပြီး ကားတံခါးဖွင့်ကာ ကားပေါ်သို့ တက်သွားလေတယ်

ခုနက သူရပ်နေတဲ့နေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ ကားရပ်လိုက်တယ် ကောင်လေးကတော့ ရှိုက်နေတုန်း

" ဘယ်ကိုပို့ပေးရမလဲ " ထိုလူကြီးရဲ့အမေးကို ပြန်မဖြေခဲ့

" နင်ဘာဖြစ်လာတာလည်း၊ဘယ်သူကဘာလုပ်ခဲ့လည်း ဆိုတာ ငါလည်းမသိဘူး ဒီလိုလုပ်ပါလား ငါနဲ့လိုက်ခဲ့မလား "

" ခင်ဗျားနဲ့ လိုက်ရမလား ? " ကောင်လေးထံမှ ပထမဦးဆုံး ထွက်လာတဲ့စကားသံ

" အင်း ငါနဲ့လိုက်ခဲ့ ငါဒီနားက ကောင်လေးတွေကိုခေါ်လေ့မရှိဘူး ဒါပေမယ့် နင့်ကိုတော့သဘောကျလို့ ပုံမှန်ဆို နင်ဘယ်လောက်တောင်းလည်း "

ကောင်းလေးသိလိုက်ရတာက ထိုလူကြီးက သူ့ကို ဘယ်လိုလူလို့ထင်သွားလည်းဆိုတာ ဟုတ်မှာပေါ့လေ ကောင်လေးရပ်နေတဲ့နေရာကလည်း ဟိုလိုလူတွေရပ်နေတဲ့နေရာ ကောင်လေးဝတ်ထားတဲ့အ၀တ်စားကလည်း စွတ်ကျယ်အဖြူနဲ့ ဂျင်းဘောင်းဘီအပြာဆိုတော့ ဟိုလူတွေနဲ့မထူးခြား ထူခြားတာတစ်ခုတော့ ဘယ်သူမှ သူ့လိုရပ်ပြီးငိုမနေဘူး

" ဘယ်လိုလည်း ငါနဲ့လိုက်မလား " လူကြီးအပြောကြောင့် ကောင်လေးခဏစဉ်းစားနေတယ် ဒီလူသူ့ခန္ဓာကိုယ် ကိုသာလိုချင်တာ သူ့ပုံစံကတော့ သဘောကောင်းမယ့်ပုံပါပဲ

ကောင်လေးလည်းသွားစရာမရှိတာနဲ့  ထိုလူကြီးနဲ့လိုက်သွားလိုက်တယ်

အဲ့ဒီညကစပြီးဒီနေ့ထိဆို ခြောက်လကျော်နေပြီ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းက အထင်လွဲမှုနဲ့ စတင်ခဲ့ပေမယ့်လည်း ကောင်လေးမှာဖြေရှင်းမှုမပေးခဲ့ပါ

ပထမညမှာတော့ သဘောကောင်းတဲ့လူကြီးက သူ့ကို အဲ့ဒီအနီးအနားက Hotel ကိုပဲခေါ်သွားခဲ့တယ် မနက်မိုးလင်းလာတော့ ကောင်လေးရဲ့ ခေါင်းရင်းနားကခုံပေါ်မှာ စာအိတ်တစ်စောင် တင်ထားတယ် စာအိတ်ထဲမှာ ငွေအချို့ထည့်ထားတယ် ကောင်လေးလည်းအဲ့ဒီငွေကို မငြင်းပဲ ယူထားလိုက်တယ်

အဲ့ဒီနေ့မှာ လူကြီးက ကောင်လေးရဲ့ဖုန်းနံပါတ်ကိုတောင်းထားပြီး စနေနေ့ညတိုင်း ကောင်လေးကိုဖုန်းဆက်ခေါ်ခဲ့တယ်

ပထမညကလွဲလို့ကျန်တဲ့ညတွေမှာတော့ ကောင်းလေးကို သူတိုက်ခန်းကိုခေါ်သွားတယ်

ကောင်လေးကသူ့လူကြီး ပထမဆုံးပေးတဲ့ ငွေတွေကို နေစရာနေရာရှာ စားဖို့သောက်ဖို့အသုံးပြုလိုက်တယ် နောက်ပိုင်းရလာတဲ့ငွေတွေကိုတော့  တစ်နေ့သူ့လူကြီးကို ပြန်ပေးဖို့ သိမ်းထားပြီး အရမ်းလိုအပ်မှသာ ထုတ်သုံးတယ်

တနင်္ဂနွေနေ့ မနက်ကောင်လေးနိုးလာတိုင်း သူ့ခေါင်းမှာချထားတဲ့ စာအိတ်ကိုယူပြီး သူ့လူကြီးကို ဖွဖွလေးနမ်းပြီး အခန်းထဲမှ တိတ်တဆိတ်ထလာလိုက်တယ်

ကောင်လေးနိုးလာတဲ့မနက်တိုင်းမှာ နမ်းတဲ့အနမ်းက နောက်ဆုံးအနမ်း နှုတ်ဆက်အနမ်း နောက်ထပ်မတွေ့ရရင် နှုတ်မဆက်ရမှာဆိုးလို့ မနက်တိုင်းမှာ သူ့လူကြီးကို နှုတ်ဆက်အနမ်းလေးပေးကာ

" Kiss Goodbye "

*********************************

အမှားပါရင်တောင်းပန်ပါတယ်

KISS GOODBYE (Completed)Where stories live. Discover now