***** KISS GOODBYE *****
Part - 3
Yi Xing အဲ့နေရာမှာ ထိုင်ငိုနေတာ ဘယ်လောက်ကြာသွားမှန်းမသိလိုက် သတိဝင်လာပြီး နံရံမှာချိတ်ထားတဲ့ နာရီကို ကြည့်လိုက်မှ ည ၁ နာရီတောင်ထိုးနေပြီ Yi Xing လည်း နေရာက ထလာကာ တစ်ရေးလောက်အိပ်လိုက်ပါမယ် ဆိုပြီး အိပ်ခန်းထဲဝင်သွားလိုက်တယ်
Yi Xing အခန်းထဲဝင်သွားပြီး ကုတင်ပေါ်မှာထိုင်ပြီး သူရင်းနှီးနေတဲ့ အခန်းကို လှည့်ပတ်ကြည့်ကာ ရေချိုးခန်းတံခါးမှ ချိတ်ထားတဲ့ သူလာတိုင်း Kris အမြဲတမ်းဝတ်နေတဲ့ ညဝတ်အင်္ကျီကိုတွေ့တော့
့ Yi Xing ထသွားပြီး အင်္ကျီလေးကို တယုတယလေး ကိုင်ကာ ချိတ်မှ ဖြုတ်လိုက်ပြီး အင်္ကျီမှကပ်ပါလာသော Kris ရဲ့ ကိုယ်သင်းနံ့နဲ့ ရေမွှေးနံ့ နမ်းရှိုက်နေတယ်
Yi Xing အင်္ကျီလေးကိုယူပြီး ကုတင်ပေါ်တက်လာကာ အင်္ကျီလေးကိုဖက်အိပ်နေလိုက်တယ် အင်္ကျီကသူရင်းနှီးနေတဲ့ အနံ့ကြောင့် နွေထွေးသွားသလို ခံစားရတယ်
ဒါမေမယ့်လည်း အဲ့ဒီကိုယ်သင်းနံ့ ကြောင့်ပဲ Yi Xing ထပ်ငိုရပြန်တယ်
Yi Xing ဒီလိုမျိုး မဖြစ်သင့်မှန်းသိနေပေမယ့်လည်း ခုချိန်မှာ ဖြစ်နေခဲ့ပြီ
သူသိနေတယ် သူ သဘောကောင်းတဲ့လူကြီးချစ်နေပြီ Yi Xing Dr Kris ကို ချစ်နေပြီ
*****
Kris Taxi ပေါ်ကဆင်းလာတော့ ခရီးဆောင်အိတ် အကြီးကြီးကိုဆွဲပြီး ဝင်လာတယ် Kris သူအိမ်ပြန်ရမှာပြင်းတာနဲ့ Taxi ကိုငှားပြီး တိုက်ခန်းကိုလာလိုက်တယ်
Kris ခရီးဆောင်အိတ်ကို ဆွဲပြီး တံခါးဖွင့်ဝင်လာတော့ တိုက်ခန်းက အစောင့်က ချက်ချင်းထလာပြီးKris ကို လာကူတယ်
Kris : ကျေးဇူးတင်ပါတယ်
Man : Dr ကိုမတွေ့တာကြာပြီ Dr ဘယ်သွားနေတာလဲ
Kris : ကျွန်တော် နိုင်ငံခြားသွားနေလို့ပါ
Kris lift စောင့်နေရင်း ပြုံးပြီးပြောနေတယ်
Man : အော် အဲ့ဒါကြောင့် Dr ကို မတွေ့တာပေါ့ Dr ရဲ့ညီလေးကတော့ အမြဲတမ်းလာတယ်