KISS GOODBYE Part - 12

691 65 0
                                    

***** KISS GOODBYE *****

                         Part - 12

မျက်ရည် နာကျင်မှု အချိန်ဟာ လူကိုကြံခိုင်စေမယ်လို့ Yi Xing ယုံကြည်ချင် ပေမယ့်လည်း ဒီနာကျင်မှုတွေဟာ တစ်ရက်ပြီးတစ်ရက် လျှော့မသွားပဲ နာကျင်နေဆဲ

တစ်ရက်ပြီးတစ်ရက် Yi Xing ငိုနေရတာ သူတစ်နေ့ ဒီနာကျင်မှုတွေကို အရင်တစ်ခါလို ကျော်ဖြတ်သွားနိုင်မှာပါ
လို့တွေးထားတယ်

ငိုနေရတာ ရက်ပေါင်းမနည်းတော့ဘူး  နာကျင်မှုကလျှော့မသွားသေးဘူး
နာကျင်တုန်း ဝမ်းနည်းတုန်း နှလုံးသားကို ထိုးခွင်းစေတဲ့စကားတွေက ခုထက်ထိ နားနားမှာ ကပ်ပြောနေသလို ကြားယောင်တုန်း

ဒါမေပယ့် တစ်နေ့မေ့နိုင်မယ်လို့ Yi Xing ယုံကြည်ထားတယ်

Yi Xing Kris တိုက်ခန်းကနေထွက်လာ ကတည်းက Kris နဲ့မပတ်သတ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ် Kris ဘယ်လောက်ပဲဖုန်းခေါ်နေပါစေ Yi Xing ဖုန်းမကိုင်ခဲ့ဘူး ၁၀ ခေါက် အခေါက်တစ်ရာ ဆက်လာပါစေ Yi Xing လုံးဝမကိုင်ခဲ့ သူ့ကိုယ်သူပြောင်းလဲတော့မယ်လို့ဆုံးဖြတ်လိုက်တယ် သူဒီမှာနေနေလဲ Kris ရှာတွေ့မှာမဟုတ်မှန်းသိတယ် ဘာကြောင့်လဲဆိုတော့ Kris သူ့အကြောင်းဘာမှမသိလို့ ဒါပေမယ့်လည်း ဒီနေရာမှာ ဆက်မနေချင်တော့ဘူး

Lay (pov) : ငါဘယ်မှာအလုပ်လုပ်တယ် ငါဘယ်မှာနေလဲ ဆိုတာ တစ်ခါမှ ဂရုမစိုက်ခဲ့ဘူး တစ်ခါမှလည်းမမေးဘူး ဒီအချက်နဲ့တင် သိပါတယ် ငါဟာ Kris hyung အတွက် အရေးမပါဘူးဆိုတာ

Yi Xing Kai နဲ့ အမှုကိစ္စဆွေးနွေးရင်း Yi Xing အလုပ်သစ်ရှာချင်တယ်လို့ ပြောတော့ Kai က Suho ကို အကူအညီတောင်းပြီး Suho လည်းရဲစခန်းနားက coffee ဆိုင် မှာ ဝန်ထမ်းလိုတယ်ဆိုလို့ Yi Xing ကို အဲ့မှာအလုပ်အပ်လိုက်တယ်

" Heaven "Yi Xing  ဒီမှာလုပ်ရတာ အရင်လိုလည်းသိပ်မပင်ပမ်းတော့ဘူး မနက် ၆ နာရီ အလုပ်ဝင်ပြီး ညနေ ဆိုအလုပ်ဆင်းပြီ sunday တစ်ရက် နားလို့ရတယ် သူ ညကျောင်းတက်ဖို့လည်း အချိန်ရသွားတယ်

Lay (pov) : Kris hyung ဖြစ်စေချင်သလို ငါကျောင်းပြီးအောင်တက်မယ်

*****

Nurse : Dr … ဒီနေ့ ညနေ Dr ခွဲခန်းဝင်ဖို့ရှိပါတယ် ရှင့်

ဖုန်း screen ကိုပဲစိုက်ကြည့်နေတဲ့ Kris nurse အသံကြားမှပဲ သတိပြန်ဝင်လာတော့တယ်
Kris ဖုန်းကိုပဲအာရုံရောက်နေတာ nurse ဘယ်ချိန်ကတည်းက ဝင်လာမှန်းတောင် မသိလိုက်ဘူး သူ Yi Xing စီစိတ်ရောက်နေတာ Yi Xing ထွက်သွားတဲ့နေ့ကတည်းက Kris ဖုန်းဆက်လည်းမကိုင်ဘူးKris လည်းဖုန်းကို ဘေးချထားပြီး

KISS GOODBYE (Completed)Where stories live. Discover now