***** KISS GOODBYE *****
Part - 9
တိုက်ခန်းငယ်လေးဟာ Kris အတွက်စိတ်ကူးယဉ်ကမ္ဘာငယ်လေးဆိုရင် Wu အိမ်တော်ကြီးဟာ Kris အတွက် လက်တွေ့လုပ်ဆောင်ရမယ့် ကမ္ဘာကြီးဖြစ်မယ်
Kris ဧည့်ခန်းဆိုဖာမှာ ထိုင်ပြီး သက်ပျင်းချနေတယ် မျက်နှာချင်းဆိုင်မှာတော့ သူ့ Maနဲ့ Yoona
မင်္ဂလာဆောင်ကိစ္စ ဆွေးနွေးနေကြတာKris Ma : ခုခေတ်က Wedding Hall မှာ ဆောင်တာခေတ်စားပေမယ့် Ma တော့ ဘုရားကျောင်းမှာ ဆောင်တာပိုသဘောကျတယ်
Yoona : Yoona လည်း ဘုရားကျောင်းမှာပဲဆောင်ချင်တာ
ကမ်းခြေနားက ဘုရားကျောင်းဆိုပိုကောင်းမှာ ကမ်းခြေမှာ party သေးသေးလေးနဲ့ဆို ပိုကြိုက်တယ် MaKris Ma : ဟုတ်တယ်နော် Wedding Hall မှာထက် အဲ့လိုလေးပိုကောင်းတယ်
Kris သားသဘောကျလားKris : …………
Kris Ma : သား … Kris … Kris
Kris : ဗျာ Ma ဘာပြောလိုက်တာလဲ
Kris Ma : Ma ပြောတာ မင်္ဂလာပွဲက ဘုရားကျောင်းမှာ လုပ်မယ်လို့ သားသဘောရလား
Kris : ………
Kris Ma : ဘယ်လိုလဲပြောအုန်းလေ Ma Yoona မိဘ တို့နဲ့ တိုင်ပင်ပြီးပြီ မင်္ဂလာပွဲက နောက်နှစ်လ ပဲ လိုတော့တာ
Kris : ဗျာ ! Ma နဲ့ Yoona ပဲ ကြည့်စီစဉ်လိုက် ကျွန်တော်သွားတော့မယ်
*****
Suho : ဘာဖြစ်ပြန်တာလဲ
Kris : နည်းနည်း
Suho : ငါ့ကိုပြောပြချင်လား
Kris : ဒီနေ့ ငါ မင်္ဂလာပွဲအတွက် သွားလုပ်တာ
Suho : မင်္ဂလာပွဲ !
Kris : inn မင်္ဂလာပွဲ
Suho : ဘယ်သူ့မင်္ဂလာပွဲလဲ
Kris : ငါ နဲ့ Yoona
Suho : မင်းသေချာစဉ်းစားပြီးပြီလား
Kris : စဉ်းစားပြီးပြီ Ma အတွက် အနာဂါတ်အတွက်
Suho : မင်းအတွက်မပါဘူး မင်းမပျော်ဘူး
Kris : မင်းသိနိုင်မလား ပြောလို့မရဘူးလေ မင်္ဂလာဆောင်ပြီး ပိုကောင်းသွားရင်ရော သားသမီးတွေရှိလာရင် သားသမီးတွေချစ်ရတာပေါ့