***** KISS GOODBYE *****
Part - 1
Wu Kris မျက်လုံးမှေးမှေးဖွင့်ပြီး ခုမှထသွားတဲ့ကောင်လေးရဲ့ကျောပြင်ကိုလိုက်ကြည့်နေတယ် သူကောင်လေးရဲ့အပြုအမူကို အမြဲချောင်းကြည့်လေ့ရှိတယ် မနက်တိုင်း မှာ ကောင်လေးထလာပြီး သူ့ နှုတ်ခမ်းကို ဖွဖွလေးနမ်းကာ ခေါင်းရင်းမှာချထားတဲ့ စာအိတ်ကိုယူပြီး တိတ်တိတ်လေးထွက်သွားတယ်
တခြားနေ့တွေနဲ့ထူးခြားတာကတော့ ဒီနေ့မှာ ကောင်လေးက ပျော်ရွှင်စွာ သီချင်းတွေညီးနေတယ်
ထူးခြားဆုံးတစ်ခုကတော့ ဒီနေ့ ကောင်လေးမျက်နှာက အပြုံးလေး သိပ်မပြုံးတဲ့ကောင်လေးက အခုတော့ ပါးချိုင့်လေးပေါ်အောင် ပြုံးနေတယ်
Kris လည်း ကောင်လေးထွက်သွားတော့ ပြန်အိပ်နေလိုက်တယ် ဒီနေ့ဟာ သူ့ရဲ့နားရက်ဆိုတော့အပြည့်အဝနားချင်တာနဲ့ဆက်အိပ်နေလိုက်တယ်
*********************
Yi Xing ဟာ Kris အကြောင်းကို သိပ်မသိသလို Kris လည်းYi Xing အကြောင်းကို သိပ်မသိပါဘူး သူတို့နှစ်ယောက်စကားပြောရင်လည်း အေးဆေးစွာနှုတ်ဆက်ပြောဆိုနေတတ်ပေမယ့် ကိုယ်ရေးကိုယ်သာကိစ္စကိုတော့ ဝင်မစွက်ဖက်ကြဘူး
Yi Xing သိတာက Kris ဟာ ဆရာဝန်တစ်ယောက် အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်တယ် ကိုယ်ပိုင်ဆေးခန်းတစ်ခုဖွင့်ထားတယ်
Dr Kris ဟာ Canada မှာမွေးပြီး Canada မှာကြီးပြင်းလာတာ Korea လူမျိုးစစ်စစ်တော့မဟုတ်ဘူး ဘာလူမျိုးစပ်လည်းဆိုတာတော့ Dr Kris သူ့ကိုမပြောပြခဲ့ဘူးKris လည်း သူလမ်းဘေးမှသူကောက်လာတဲ့ အသားဖြူဖြူကိုယ်ခန္ဓာသေးသေးကောင်လေးရဲ့နာမည်က Lay လို့ပဲ သိခဲ့တယ်
Yi Xing က သူ့နာမည်အရင်းကိုမပြောပြခဲ့ဘူး သူဘာလူမျိုးဘယ်သူဆိုတာကိုမသိစေချင်လို့ နာမည်က Lay လို့ပဲပြောပြခဲ့တယ် Yi Xing Dr Kris ကို သူစားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတယ်လို့သာပြောပြခဲ့တယ်သောကြာနေ့တိုင်းမှာ စနေနေ့ချိန်းဆိုဖို့အတွက် Kris Yi Xing ကို အမြဲဖုန်းဆက်တယ်
စနေနေ့ ညနေရောက်တော့ Yi Xing စားစရာတွေနဲ့ Kris တိုက်ခန်းသို့ ရောက်လာတတ်တယ် တခါတလေ သူအလုပ်လုပ်တဲ့ဆိုင်က ဟင်းတွေယူလာတတ်ပြီး တခါတလေတော့လည်း အသီးအရွက်တွေဝယ်လာပြီး Kris အခန်းမှာ ချက်ပြုတ်တတ်တယ် Kris လည်းဘာမှ မပြောပဲ ချက်ခွင့်ပြုလိုက်တယ် သူတို့နှစ်ယောက်အခြေအနေက အပြင်ထွက်စားလို့လည်းမရဘူးလေ တစ်ယောက်ယောက်တွေ့သွားရင်လည်း ဘယ်လိုမိတ်ဆက်ရမလဲ Yi Xing အတွက်လည်းမကောင်းသလို Kris အတွက်လည်းမကောင်းဘူးလေ အဲ့ဒါကြောင့် အိမ်မှာပဲစားသောက်ကြတယ်