KISS GOODBYE Part - 8

678 66 0
                                    

***** KISS GOODBYE *****

Part - 8

Yi Xing Kris နဲ့ စသိကတည်း  တစ်ပတ်မပြည့်ပဲ ပြန်တွေ့တာ ဒီတစ်ခါ ပထမဆုံးအကြိမ်ပဲ ပုံမှန်ဆို စနေနေ့တွေ့ပြီး နောက်တစ်ပတ် စနေမှ ပြန်တွေ့ဖြစ်တယ် ဒီတစ်ခါတော့ သူတို့နှစ်ယောက်သွားလည်တာ ကြာသပတေးနေ့မှ ပြန်ရောက်တာ ဒီနေ့ဆို စနေ ရောက်ပြီ Kris နဲ့ ထပ်တွေ့ရပြီ

Kris နဲ့ ထပ်တွေ့ရမှာကို Yi Xing ကို ပျော်လားမေးရင် အရမ်းပျော်တယ်လို့ဖြေမှာပဲ ဒါပေမယ့် Yi Xing တစ်ခါတစ်ခါ စဉ်စားမိတယ် ဒီလို ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုပေါင်းနေတာကို သူဘယ်ချိန်ထိ တောင့်ခံနိုင်မှာလဲ
အကယ်၍ရပ်တန့်လို့ရရင် သူရပ်တန့်ချင်နေပြီ

Yi Xing Kris စီက ထွက်သွားဖို့အကြိမ်ကြိမ် ကြိုးစားပေမယ့်လည်း မလုပ်နိုင်ခဲ့ဘူး
Kris သာမရှိရင် သူဘယ်လိုဆက်နေနိုင်မလဲ
ဒါကြောင့် ခုချိန် Yi Xing လုပ်နိုင်တာ တတ်နိုင်သလောက် အချိန်ဆွဲထားရမှာပဲ

***
Yi Xing တံခါးဖွင့်ပြီး အခန်းထဲ ဝင်သွားတော့ အခန်းထဲမှာ TV ထိုင်ကြည့်နေတဲ့ Kris တစ်ချက်လှည့်ကြည့်ပြီး TV ကိုပဲ ပြန်ကြည့်နေတယ်

Lay (pov) : ငါ ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ Kris hyung ဘယ်တော့မှ သိမှာမဟုတ်ဘူး

Yi Xing မီးဖိုချောင်ထဲ ဝင်သွားပြီး စားစရာတွေ ပြင်ဆင်နေလိုက်တယ်

Yi Xing စားစရာတွေပြင်ဆင်ပြီး စားပွဲမှာလာချတော့

Kris : ဒီနေ့ဘာရှိလဲ

Yi Xing တောင်မဖြေရသေးဘူး Kris ဟင်းတွေကြည့်ပြီး ထိုင်ခုံမှာ ဝင်ထိုင်နေပြီ
Yi Xing ဘာမှ မပြောပဲ ထမင်းခူးပေးလိုက်တယ်
သူတို့နှစ်ယောက်တိတ်ဆိတ်စွာနဲ့ ထမင်းစားနေလိုက်တယ်

စားသောက်ပြီးတော့ Yi Xing မီးဖိုချောင်ထဲ ပန်းကန်တွေဆေးနေတယ် ပန်းကန်ဆေးပြီးပြန်ထွက်လာတော့ Kris TV ကြည့်မနေပဲ သူ့ကိုကြည့်နေတယ်

Kris : မီးဖိုချောင်ဆေးနေတယ်ထင်နေတာ

Lay : ဗျာ

Kris : ပန်းကန်တစ်ခါဆေးရင် နာရီဝက်လောက်ကြာတယ် hyung ထင်တာ hyung မီးဖိုချောင်ထဲက ရှိသမျှ ပန်းကန်တွေအကုန်ထုတ်ဆေးနေတာလားလို့

KISS GOODBYE (Completed)Where stories live. Discover now