KISS GOODBYE
Part - 2
တံခါးlock ဖွင့်သံကြားလို့ ဆိုဖာပေါ်မှာ ထိုင်ကာ TV ကြည့်နေတဲ့ Kris တံခါးကိုလှမ်းကြည့်တော့ အထုတ်အပိုးတွေနဲ့ အခန်းထဲကိုခက်ခဲစွာဝင်လာနေတဲ့ သူရင်းနှီးနေပြီဖြစ်တဲ့ ချစ်စရာမျက်နှာပိုင်ရှင်လေး ဖြစ်နေတယ်
Kris : ဘာတွေ အဲ့လောက်အများကြီးဝယ်လာတာလဲ
Kris ပြောလည်းပြော ဆိုဖာမှ ထလာကာ Yi Xing လက်က အထုတ်တွေသယ်ကူနေတယ်
Lay : စားစရာတွေပါ
Kris : ဘာလို့အဲ့လောက်များရတာလဲ
Lay : အော် ရေခဲသေတ္တာထဲထည့်ထားမလို့ Hyung စားချင်ရင် ယူစားလို့ရအောင်လေ
Kris : Lay လည်းသိနေတာပဲ Hyung ဒီမှာမနေဘူးဆိုတာ ဒီပစ္စည်းတွေအတွက်ပိုက်ဆံ ထပ်ပေးရအုန်းမှာလား
Lay : မလိုပါဘူး
Yi Xing ပြောပြီး ပစ္စည်းတွေကို ရေခဲသေတ္တာထဲ ထည့်နေလိုက်တယ်
Kris : ပိုက်ဆံက သုံးလို့ရောလောက်လို့လား
Lay : လောက်ပါတယ် Kris Hyung စိတ်မပူပါနဲ့ Hyung အပြင်မှာသာသွားစောင့်ပါ ကျွန်တော် စားစရာတွေ ပြင်ပြီး ထွက်လာလိုက်မယ်
Kris : ကောင်းပြီလေ
Kris လည်း အပြင်ပြန်ထွက်သွားကာ TV ထိုင်ကြည့်နေလိုက်တယ်
*****************
Kris Lay ထမင်းစားနေရင်းနဲ့
Kris : Hyung Canada သွားမလို့ ဘာလိုချင်လဲ
Kris မေးတော့ Yi Xing ထမင်းငုံ့စားနေရင်းနဲ့ Kris ကိုမော့ ကြည့်ကာ ခေါင်းခါလိုက်တယ်
Kris : ဘာမှမလိုချင်ဘူးလား ဒါဆို Hyung သဘောကျတာတွေ့ရင် ဝယ်လာပေးမယ်နော်
Lay : ဟုတ် ကျေးဇူးတင်ပါတယ်
Kris : Hyung Canada ကို အလုပ်ကိစ္စနဲ့ ၃ ပတ်လောက်ကြာလိမ့်မယ် ဒီ အတောအတွင်းတော့ ဆက်သွယ်ဖြစ်မှာမဟုတ်ဘူး
Yi Xing Kris ကို ဘာမှပြန်မပြောပဲ ခေါင်းငြိမ့်ပြပြီး ခေါင်းငုံ့ကာ ထမင်းဆက်စားနေလိုက်တယ်
Kris သူဘာကြောင့် သွားရမယ်ဆိုတဲ့ အကြောင်း Yi Xing ကိုပြောပြနေတယ် Yi Xing လည်း တိတ်ဆိတ်နေလိုက်တယ် တိတ်ဆိတ်နေသော် လည်း ဘာမှ မခံစားရတာမဟုတ်ပါဘူး