***** KISS GOODBYE *****
Part - 10
Yi Xing ရဲစခန်းရှေ့မှာရပ်ပြီး ရဲစခန်းဆိုင်းဘုတ်ကြီးကိုကြည့်ပြီး မဝင်ရဲဖြစ်နေတယ် အရင်ဆို ရဲအရာရှိ Kim Kai နဲ့တွေ့ရင် အအေးဆိုင်တို့စားသောက်တို့ချိန်းလေ့ပေမယ့် ခုက ရဲစခန်းကို လာခိုင်းတော့ သူနည်းနည်းကြောက်နေတယ်
Yi Xing အားတင်းပြီး အထဲကိုဝင်သွားလိုက်တယ် အထဲရောက်တော့ Kai နဲ့တန်းတွေ့တယ်
Kai : ရောက်ပြီလား
Lay : ဟုတ်
Kai : လာ လာထိုင် Yi Xing မိသားစုအမှုကို Hyung ပြန်ကိုင်လိုက်ပြီ
Lay : nae? တကယ်လား hyung
Kai : inn ဒီအမှုကို hyung senior တစ်ယောက်နဲ့တွဲလုပ်မှာ ဟိုမှာ hyung senior ရဲအရာရှိ Kim Suho မှတ်ထားလိုက်နော်
Lay : Nae hyung
Kai : အခု Lin Yi Ming က seoul မှာရှိနေတယ်လို့သတင်းရထားတယ် အခုသူမျက်နှာခွဲစိတ်ပြုပြင်ထားတယ်လည်းကြားတယ်
Lay : ဒါဆိုရင် သူ့ကိုမိဖို့က မဖြစ်နိုင်တော့ဘူးလား ဘာလို့ဆို သူ့ကိုဘယ်သူကမှမမှတ်မိတော့တာ
Kai : ခက်တော့ခက်တယ် သူခွဲစိတ်ထားတဲ့မျက်နှာသစ်ဘယ်သူမှမမြင်ဖူးတာ ပြီးတော့ Yi Xing သိတဲ့အတိုင်းပဲလေ သူကိုရီးယားစကားအရမ်းပီတော့ သူ့ကို တရုတ်လူမျိုးမှန်းသိကြမှာမဟုတ်ဘူး
Kai : ဒါပေမယ့် hyung တို့ကို သတင်းပေးတဲ့သူက သူ့မျက်နှာကိုမှတ်မိတယ်လေ
Lay : ကျွန်တော်ထင်တာတော့ ပြဿနာ မဖြစ်ခင်ကတည်းက သူစပြီးခွဲစိတ်နေပြီထင်တယ် ဘာလို့ဆို သူကျွန်တော့ခေါင်းကို သေနတ်နဲ့ချိန်ထားတုန်းက သူ့မျက်နှာပြောင်းသွားတယ် သူ့မျက်နှာကို ကျွန်တော် မမှတ်မိပေမယ့် သူ့မျက်လုံးကိုတော့ ကျွန်တော်မှတ်မိတယ်
Yi Xing အဲ့မျက်ဝန်းကို ဘယ်လိုမှမမေ့နိုင်
Kai :အခုLin Yi Ming အရင်နေရာမှာ အလုပ်လုပ်သေးလားမသိဘူး အရင်တစ်ခါသတင်းရတာတော့ အဲ့နေရာမှာလုပ်သေးတယ် ပြဿနာမတက်ခင်က အဲ့မှာပဲလုပ်တာဆိုတော့ အဲ့နားတဝိုက်က ဆေးခန်းတွေမှာပဲ ခွဲစိတ်မယ်ထင်တယ်