Unicode Below 👇
Thu Ya's POV
"Moon Light" ......
Moon Light ဆိုတာကျွန်တော် ခုလောလောဆယ် တက်နေတဲ့ အထက်တန်းကျောင်းလေ ကျွန်တော်တို့ ကမ္ဘာရဲ့ အထင်ကရကျောင်းတစ်ကျောင်းဆိုလဲ မမှားဘူးပေါ့၊
ကျွန်တော်တို့ ကမ္ဘာက လူသားတွေနေထိုင်တဲ့ ကမ္ဘာကြီးပေါ်မှာပဲ တည်ရှိနေတာပါ ဒါပေမယ့် ကျွန်တော်တို့လို supernatural စွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့ သူတွေချည်း သီးသန့်နေထိုင်တဲ့ အများနဲ့ သက်ဆိုင်ခွင့် မရှိတဲ့ ကမ္ဘာငယ်လေးပေါ့။
အင်းး အများနဲ့ မသက်ဆိုင်ဘူးဆိုတာကိုပြောရရင် ကျွန်တော်က လူသားမဟုတ်တဲ့ Vampire တစ်ကောင်။
လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်လောက်က Witches family ရဲ့ စွန့်ပစ်တာကိုခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ဒီကျောင်းကို စတင်တည်ထောင်ခဲ့ တယ်။
လူသားမျိုးနွယ်မဟုတ်တဲ့ သဘာဝလွန်အစွမ်းတွေရှိတဲ့ သူတွေသာ တက်ခွင့်ရှိတဲ့ ကျောင်း ......
ကျွန်တော် Vampire ဖြစ်နေတာလဲ တစ်ယောက်တည်းထူးခြားဖြစ်တည်နေတာမဟုတ်ပဲ ကျွန်တော့်ရဲ့ မျိုးရိုးစဉ် တစ်လျှောက်လုံး Pure vampire ဖြစ်ခဲ့တာမျိုး၊ ဥပမာ..ကျွန်တော်က ကျွန်တော်နဲ့ မျိုးရိုးတူ Vampire မိသားစု တစ်ခုကသမီးနဲ့ လက်ထပ်ပြီး Vampire မျိုးရိုးကို ဆက်ထိမ်းရမယ့် သူမျိုး ....
" သူရ "
ကျွန်တော်နောက်ကခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ကျောပိုးအိတ် တစ်လုံးလက်ကနေဆွဲလျှက်ကသိုက်ကရိုက်ပြေးလာတာသော .....မြတ်ကို....
"America ကနေ ကျောင်းပြောင်းလာတဲ့ ကျောင်းသားတစ်ယောက် ဒီနေ့ကျောင်းကိုရောက်နေပြီ..."
"အဲ့ဒါဘာဖြစ်လဲ ကျောင်းပြောင်းတွေ ကျောင်းသားသစ်တွေကနေ့တိုင်းလိုလိုရှိနေတာပဲကို ဘာထူးဆန်းလို့လဲ /?"
ကျွန်တော် စိတ်မ၀င်စားသလို ခပ်ပေါ့ပေါ့ဖြေလိုက်တာကြောင့် မြတ်ကိုက မိန့်မိန့်ပြုံး လျက်
"ခုနက ငါတွေ့ခဲ့တယ် ဟျောင့်ရ ချောချက်ပဲ ဆံပင်ရွှေရောင်၊ မျက်လုံး အပြာလေး အသားကနို့နစ်ရောင်လေးလို ဖြူဥနေတာပဲ :::"
YOU ARE READING
Once Upon a time in Moon Light (completed) Z+U
Teen FictionWarning !!!! ( some scenes are not appropriate for young ages. Thanks) Sometime it takes miles to meet your true love.