Unicode below 👇
Chris's POV
"ပြောတော့ ငါ့ကို သဘောကျတယ်ဆိုပြီး ၁ရက်ပဲရှိသေးတယ် နောက်တစ်ယောက်နဲ့ တွဲနေပြီ .. လူလိမ် ၀ံပုလွေကောင် .."
***** ***** *****
"သူရ.."
ကျွန်တော့် လက်ကို ဆွဲရင်း ရှေ့ကနေ ကျွန်တော့်ကို မျိုးစုံ ကြိမ်ဆဲနေတဲ့ vampire ကျွန်တော့အသံကြောင့် တုန့်ကနဲရပ်သွားသည် ..
လှည့်ကြည့်လာတော့ .. မျက်ရည်စတွေ တွဲခိုနေတဲ့ မျက်တောင် တွေအောက်က ပြူးကျယ်ဝိုင်းစက်နေသော မျက်လုံးတွေက black hole တွေလိုပဲ...
"မင်း..မင်း..ဘာလို့ ငါ့နောက်လိုက်လာတာလဲ..သော်တာက ဘယ်ရောက်သွားတာလဲ.."
သူဆွဲကိုင်ထားတဲ့ ကျွန်တော့် လက်တွေကို ဖြုချရင်း .. အူကြောင်ကြားမေးလာသည့် သူ့မျက်နှာက တစ်မျိုးရယ်ဖို့ကောင်းနေသည်။
"မင်းနောက် လိုက်လာတာ မဟုတ်ပဲ.. မင်းက ငါ့ကို ဟိုးး နေရာကနေပြီး ဒီထိ ဆွဲခေါ်လာတာလေ.."
နောက်ဘက် မိန်းကလေးတွေ ကျန်ခဲ့သည့် ခပ်လှမ်းလှမ်းနေရာတစ်ခုကို .. လက်ညှိုးညွန်ပြရင်း ဖြေတော့ .. ပါးစပ် အဟောင်းသားနှင့် တစ်ခွန်းမှ ပြန်မပြောသေးပဲ .. ကျွန်တော့်ကို ကြည့်လိုက် နောက်ဘက်ကို လက်ညှိုးညွန်လိုက်နဲ့ ..
"ငါ... သော်တာ ... မင်းက .. ဘယ်လို..."
စကားလုံးတွေက အစီအငေါ်အပေါက်အလမ်းမတည့် .. ထွက်ချင်သလိုထွက်လာသည့် သူ့ပုံစံက ကလေးတစ်ယောက် လိုပဲ ..
အားနဲ့ သူ့ကိုယ်ကို ဆွဲပြီး ကျွန်တော့်ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ .. 'အင့်' ကနဲအသံထွက်လာသည် ..
"အမှန်က ငါ .. လင်းလတ်နဲ့ တွဲနေတယ်ဆိုတာ ဟန်ဆောင်ထားတာ.."
"ဟင်.."
Flash back >>>>>
"Chris.. "
မိန်းကလေးအသံကြောင့် ကျွန်တော် လှည့်ကြည့် လိုက်တော့ .. ကောင်မလေးတစ်ယောက် မ၀ံ့မရဲ အကြည့်တွေနဲ့ ကြည့်နေသည် ..
"ဟို .. ဟိုလေ .. ခဏလောက် စကားပြောလို့ ရမလား .."
ကျွန်တော်ခေါင်းညိမ့်ပြတော့ ကောင်မလေးက ခေါင်းလေး ငုံ့လျက်သားနှင့် ..
YOU ARE READING
Once Upon a time in Moon Light (completed) Z+U
أدب المراهقينWarning !!!! ( some scenes are not appropriate for young ages. Thanks) Sometime it takes miles to meet your true love.