Unicode below 👇
Chris's POV
တီရှပ်နှင့် ဘောင်းဘီတို တစ်ထည် ကောက်စွပ်ရင်း တဒုတ်ဒုတ်ခုန်နေတဲ့ ရင်ဘက်ကို ဖိကာ ကျွန်တော် ခုတင်ပေါ်မှာ အရင် လှဲနေလိုက်သည်။
သွေးဘူးတွေ အများကြီး တွေ့လိုက်လို့ လန့်သွားတာ များလားဟု အူကြောင်ကြောင်တွေးမိတော့ werewolf က သွေးကြောက် သတဲ့လား ဟူသော လှောင်သံ ခပ်သဲ့သဲ့ က အတွေးထဲ ဖြတ်ပြေးသွားသည်။
အထဲမှာ သူရ ရေးချိုးနေသည့်အသံ ဆပ်ပြာတိုက်နေသည့်အသံကအစ အကုန် အစအဆုံးကြားနေရသည်။
ရေချိုးကန် ရှိသားကို ဘာလို့ shower သုံးလဲနေပါလိမ့်. ..
ရေပန်းကနေ ရေကျသံတွေ သူ့ တစ်ကိုယ်လုံးကို ပွတ်သပ်နေသံတွေ အသံနဲ့တင် ကျွန်တော့မျက်လုံးထဲ အကုန် အတိုင်းသား သူ ကျွန်တော့်ရှေ့တွင်ရေချိုးနေသယောင်
ရုတ်တရက် ရေသံတွေ ရပ်တံ့သွားသည်။ ရေကျသံရပ်သွားသည်နှင့် တံခါးချက်ပါ ပွင့်လာကာ ကိုယ်အောက်ပိုင်းသာ သဘတ် ပတ်လျက် ထွက်လာသော သူရ အဝတ်ဘီရိုနားလျှောက်သွားသည်။
အခန်းသီးသန့်ဆိုလို့ ရေချိုးခန်း အိမ်သာသာ ရှိပြီ ဟောခန်းပုံစံအတိုင်း အိမ်အသုံးဆောင် ပစ္စည်းတွေ နေရာချထားချင်းဖြစ်လို့ ကျွန်တော် သူရဘာလုပ်နေလဲ အကုန်မြင်နေရသည်။
"ခရီးပန်းလာတာကို အခုထိ မအိပ်သေးဘူးလား "
သူက ကျွန်တော်သူ့ကို ကြည့်နေတာကို သိနေသည့်နှယ် ကျောခိုင်းလျက်ပင် မေးလိုက်သည်။
"အင်းး အချိန်အပြောင်းအလဲ အသားမကျသေးလို့ထင်တယ် အိပ်မပျော်သေးဘူး ----"
သူက သဘတ်ကို ဆွဲချွတ်လိုက်သည် သူ့ရဲ့ မိမွေးတိုင်း ဖမွေးတိုင်း ခန္ဓာကိုယ်နောက်ကျောဘက်လေး ကျွန်တော့်ရှေ့တွင် ခဏပေါ်လာသည် သူ့ ဘောင်းဘီတစ်ထည် မစွတ်လိုက်ခင်ထိပေါ့ ။
ကျွန်တော် အကြည့်ကို လွှဲပြီး မျက်နှာကျက်ကို မော့ကြည့်လိုက်တဲ့ အချိန်ထိ သူ့နောက်ကျောဘက်က လုံးလုံးကိတ်ကိတ် အသားတုံးလေး နှစ်ခုကို မြင်ယောင်နေမိသည်။
YOU ARE READING
Once Upon a time in Moon Light (completed) Z+U
Novela JuvenilWarning !!!! ( some scenes are not appropriate for young ages. Thanks) Sometime it takes miles to meet your true love.