Unicode below 👇
Thu Ya's POV
"ဒီညနေ ငါတို့မွေးနေ့ပွဲ .. ရှိတယ် .. လာခဲ့နော်.."
သူ့စားပွဲပေါ်တင်လာတဲ့ ဖိတ်စာလေးရဲ့ ပိုင်ရှင်ကို ကြည့်မိတော့ လင်းလတ် .. အပြုံးတစ်ခုနှင့် သူ့ကို ကြည့်နေသည် ...
ကျွန်တော်လဲ ပြန်ပြုံးရင်း ..
"ကျေးဇူးပါ..လာခဲ့ပါ့မယ်" ..
လင်းလတ် ဆိုသည့် သူမကတော့ ကျွန်တော်တို့ အတန်းခေါင်းဆောင် ရှင်းသန့်၏ အမြွာညီမ တနည်း ပြောရရင် ကျောင်းအုပ်တူမ ..
မြတ်ကိုဆီလဲ ပေးရင်းသူမက နောက်တန်းကို ဆက်လျောက်သွားပြီး Chris ကိုလည်း ဖိတ်နေသည်။
အဲ့ဝံပုလွေက မနေ့က နမ်းသွားပြီးတော့ ဒီမနက် ကျောင်းလာတော့ .. အခန်းဝမှာတွေ့တော့လဲ အကြည့်တွေ ချက်ချင်းလွှဲသွားတယ်။
မနက်က သန့်ရှင်းရေး လုပ်နေတဲ့ တစ်ချိန်လုံးလဲ ကျွန်တော်ကပဲ ခိုးခိုးကြည့်နေရတယ်..သူကတစ်ချက်တောင် ပြန်မကြည့်ဘူး... အမှန်တော့ ကျွန်တော် ခိုးခိုးကြည့်တယ်ဆိုတာကလဲ သူများ ကျွန်တော့်ကို ကြည့်နေမလား သိချင်တာမို့ပါ သူ့ မျက်နှာ မကြည့်မနေနိုင် ဖြစ်နေလွန်းလို့ တော့ မဟုတ်ဘူး ..
"ဟျောင့်..."
မြတ်ကို အသံကျယ်ကျယ်နဲ့ ကျွန်တော့်ကို ကိုင်လှုပ်လိုက်တာကြောင့် အတွေးစ ပြတ်သွားပြီး ...
"ဘာလဲကွာ ဖြည်းဖြည်း သက်သာကို မရှိဘူး"
"အယ်..ငါခေါ်နေတာ ဘယ်နကြိမ်မှန်းမသိတော့ဘူး .. သူ့ဘာသာ မကြားပဲနဲ့"
မြတ်ကိုအဖြေကြောင့် ကျွန်တော် အံ့သြမိသည် အဲ့လောက်တောင် ကျွန်တော် အတွေးထဲ နစ်သွားသည်တဲ့လား ..
"အင်း .. ဘာဖြစ်လို့လဲ ပြော"
"ညနေ အတန်းခေါင်းဆောင်တို့ မွေးနေ့ပွဲ သွားရင် ငါ့ကို ၀င်ခေါ်လို့ပြောမလို့"
"ငါ .. သော်တာနဲ့ သွားဖြစ်မယ်ထင်တယ်"
ကျွန်တော် ခပ်ပြတ်ပြတ်ဖြေတော့ မြတ်ကိုက အူကြောင်ကြောင်ပြန်ကြည့်ရင်း
"ဘယ်က သော်တာလဲ .."
ဟုတ်သား .. သူမှ သော်တာကို မသိသေးတာ ..
YOU ARE READING
Once Upon a time in Moon Light (completed) Z+U
Novela JuvenilWarning !!!! ( some scenes are not appropriate for young ages. Thanks) Sometime it takes miles to meet your true love.