Unicode below 👇
"၀ါး..၀ိုး..မိုက်တယ်.."
စတိုးဆိုင်ထဲ မြင်သမျှကို ကလေးတစ်ယောက်လို တအံ့တသြဖြစ်နေတဲ့ ကျွန်တော့်ကို Chris က သဘောကျစွာကြည့်ရင်း ကျွန်တော့် ဆံပင်တွေကို ခပ်ဖွဖွ ပွတ်ရင်း ရှုပ်ပွအောင် လုပ်လိုက်သည် ..
ညဘက်ကျ trick or treat သကြားလုံး လာတောင်းကျမည့် ကလေးတွေ အတွက် ကျွန်တော်တို့ ၂ယောက် အတူ ဈေးဝယ်ထွက်လာကျတာဖြစ်သည် ..
ကျွန်တော့် အတွက်ကတော့ ပထမဆုံး Halloween ဖြစ်နေသည်မို့ .. မြင်သမျှ အကုန် အထူးအဆန်းဖြစ်နေသည် ..
ကလေးတွေ အတွက် အချိုတွေသာ ၀ယ်နေပေမဲ့ အနည်းဆုံး ၅မိနစ်လောက် ခြံပြင်ကနေ အိမ်ရှေ့ထိ လမ်းလျှောက်ရတဲ့ Chris တို့ အိမ်တံခါးကို ဘယ်ကလေးက ဇွဲကြီးကြီး လာခေါက်ပါမည်လဲ ...
အိမ်တိုင်းလိုလို ဖရုံသီးမီးပုံးတွေကို ပုံစံမျိုးစုံ အလှဆင်ပြီး ခြံဝန်းရှေ့ အိမ်တံခါးရှေ့ စသည်ဖြင့် လှပစွာ ဆင်မြန်းထားပြီးဖြစ်သည် ..
Vampire, Zombie, Mummy, Monsters စသည် စသည် ၀တ်ဆင်ထားသူတွေ .. ကာတွန်းဇာတ်ကောင် ၊ superhero ၀တ်စုံဆင်မြန်းထားသူ ... ကလေးတွေ ... ကျွန်တော်တို့နဲ့ ရွယ်တူတွေ ဟိုဟိုသည်သည်လျှောက်နေကျသည်မှာ လမ်းမပေါ် ခြေရာခြင်းထပ်နေလေ၏ ..
တစ်ချို့လမ်းတွေဆို ကားဝင်ခွင့်မပြု အတားအဆီးများချထားပြီး ပျော်ပွဲ ရွှင်ပွဲအတွက် ပြင်ဆင်နေကျသည်က အရမ်း စိတ်လှုပ်ရှားဖို့ကောင်းတဲ့ မြင်ကွင်း တစ်ခုအဖြစ် ကျွန်တော့် ရင်ကို လှုပ်ခတ်ဆွဲဆောင်နေသည်။
"Chris.. ငါတို့ Halloween party တူတူတက်လို့မရဘူးလား .."
Chris ကဟန်ဆောင်ပြုံးတစ်ခုတပ်ဆင်ရင်း
"Sorry.. သူရ ငါ..လူတွေအများကြီးကြားမှ မနေတတ်တော့ဘူး .. "
ကျွန်တော့်ကို အားနာနေသည့် ပုံရိပ်တွေက သူ့မျက်နှာပြင်မှာ အထင်းသား ... ကျွန်တော် စိတ်မကောင်းဖြစ်သွားတဲ့ အမူအရာကို ထုတ်မပြမိအောင် ထိန်းလိုက်ပြီး
"အာ .. ရတယ် Chris ရဲ့ ငါကဒီအတိုင်းမေးကြည့်တာ .. တို့တွေ အိမ်မှာလဲ ပျော်လို့ရတာပဲ"
YOU ARE READING
Once Upon a time in Moon Light (completed) Z+U
Novela JuvenilWarning !!!! ( some scenes are not appropriate for young ages. Thanks) Sometime it takes miles to meet your true love.