Unicode below 👇
Thu Ya's POV
"ငါမင်းကို သဘောကျတယ် သူရ"
နောက်ကျောကနေ တင်းတင်းဖက်၍ နားထဲကပ်ပြောလိုက်တဲ့အသံကြောင့် တစ်ကိုယ်လုံးအေးစက် တောင့်တင်းသွားသည်ဟုပင်ထင်မိသည်။
မဟုတ်သေးပါဘူး ငါက နဂိုကတည်းကိုက သွေးအေးသတ္တဝါပဲကို .. .. တံတောင်ဖြင့် သူဖက်ထားသည့် လက်များထဲမှ ရုန်းထွက်ပြီး
"မင်းအခန်းသာပြောင်းနေလိုက်တော့ Chris"
ရှက်ရမ်းရမ်းပြီး အော်လိုက်တဲ့ အဲ့စကားကို ဘာကြောင့်မှန်း မသိ ပါးစပ်ထဲ အတင်း ပြန်သွင်းချင်မိသွားတာတော့ အမှန်ပဲ ..
"ဘာလိုလဲ .. ငါတို့က ယောက်ျား အချင်းချင်းမို့ လား"
ကျွန်တော့် မျက်လုံးတွေကို စူးစိုက် ကြည့်ရင်း မေးလာသည့် သူ့မျက်ဝန်း ပြာပြာတို့ ထဲတွင် ၀မ်းနည်းမှုတို့ အပြည့် ... ကျွန်တော် အကြည့်ကို လွှဲလိုက်ပြီး ..
"အင်း .. မင်းလဲ ငါ့ကို သဘော မကျရင် ကောင်းမယ် ငါက ခုလို သူငယ်ချင်းအဖြစ် နေရတာကိုပဲ သဘောကျတယ် အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ မင်း အခန်းပြောင်းသွားတာ ပိုကောင်းလိမ့်မယ်" (friendzone 😂🔫)
သူက စိတ်ရှုပ်နေတဲ့ ပုံနဲ့
"ဘာလို့ အဲ့လောက်ထိ ရှုပ်ထွေးရတာလဲ မင်းလဲ ငါ့ကို သူငယ်ချင်း တစ်ယောက်ထက် ပိုပြီး သဘောကျခဲ့တယ်လို ထင်ထားတာ"
သူက ကျွန်တော့်ကို တွန်းဖယ်ကာ ရေချိုးခန်းထဲ ၀င်သွားသည်။
ပိတ်ထားတဲ့ ရေချိုးခန်း တံခါးကို စိုက်ကြည့်ရင်း ခုခံစားနေရတာက အထီးကျန်နေတာလား လွမ်းမောနေတာလား ဟန်ဆောင်ရလွန်းလို့ မောပန်းနေတာလား ဝေခွဲမရဘူး ...
ကျွန်တော် အ၀တ်အစား အမြန်လဲပြီး တွေ့တဲ့ စာအုပ် တစ်အုပ် လက်မှာ ကိုင်ဆွဲလျက် အခန်းထဲက ထွက်လာခဲ့သည်။
"သူရ ... ဘယ်သွားမလို့လဲ"
အဆောင်မှူး ဦးနေက အဆောင် အ၀င်အထွက် အပေါက်က အခန်းကျဉ်းလေးထဲမှ လှမ်းမေးလိုက်သည်။
ကျွန်တော် လက်ထဲက စာအုပ်ကို ထောင်ပြရင်း
"စာကြည့်တိုက် ခဏသွားမလို့ ဦးနေ"
YOU ARE READING
Once Upon a time in Moon Light (completed) Z+U
Novela JuvenilWarning !!!! ( some scenes are not appropriate for young ages. Thanks) Sometime it takes miles to meet your true love.