Chapter3 - heart beat

4K 420 2
                                    

Unicode below 👇

Chris's POV

"မင်းရဲ့ဖူးစာရှင်က Chris လေ ---"

ရှေ့တန်းက စပ်စု တတ်တဲ့ မြားနတ်မောင်နဲ့ ဖြူစုတ်စုတ် သွေးစုတ်ကောင်လေး စကားသံတို့ မသိချင်ပါပဲနဲ့ ကျွန်တော် နားစွင့်လိုက်သည်။

အဲ့ဒါဘာပြောတာလဲ ငါက သူ့ရဲ့ soulmate ဆိုတာဘာလဲ

မြတ်ကိုက ကျွန်တော့် အတွေးကို ကြားနေရသည့်နှယ် ကျွန်တော့်ဘက်လှည့်ကာ ပြုံးပြလျှက်

"ခုနကတော့ တစ်ယောက်တည်းအေးဆေးနေချင်လို့ဆို "

ကျွန်တော်မျက်ခုံး တစ်ချက် ပင့်ရင်း ဘာမှ  မသိသလို သူ့ကို စိုက်ကြည့်နေတော့ သူက လက်မှာဝတ်ထားတဲ့ နာရီလိုလို လက်ပါတ်လေးကိုမြှောက်ပြရင်း

"ငါခုပဲ information တစ်ခု ရတယ် မင်းနဲ့ သူရက ငါ couple ဖြစ်အောင်ဖန်တီးပေးရမယ့် သူ ၂ယောက်တဲ့"

ဘေးက သွေးစုတ်ကောင်ကို ကြည့်လိုက်တော့ ဖြူဖက်ဖြူလျော်နဲ့ ရုပ်က ကြောင်စိစိ စာကြမ်းပိုးလိုလို ဘာလိုလို အခန်းထဲ စရောက်ကတည်း သတိထားမိနေတာ

"အဲ့ကောင်ပြောတာကို ယုံစားမနေနဲ့ သူက တစ်ခါတစ်လေ အဲ့လိုဖောက်တတ်တယ် လွှတ်ပေးထားလိုက်။"

သူရ ကကျွန်တော်ဘက်ကို မျက်နှာ တစ်ခြမ်းစောင်းအနေအထားနှင့် ကြည့်ရင်းပြောလိုက်သည်

ကျွန်တော်သူ့ကို သေချာကြည့်မိတော့မှ တော်တော် ကြည့်ကောင်းတဲ့ မျက်နှာမှန်းသတိထားမိတော့တယ် အထူးသဖြင့် ခုလို ဘေးတိုက်ကြည့်ရင်ပေါ့။ ခဏလောက် သတိလက်လွတ် ငေးကြည့် နေမိသည် တကယ် အဲ့ခဏ ဆိုတဲ့ အချိန်က ကျွန်တော့် တစ်ဘ၀စာလောက် ကြာမည်ထင်သည်။

မြတ်ကိုက ခိခိခိ ရယ်နေသည် ကျွန်တော် ဆက်မတွေးနေတော့ သိချင်စိတ်လဲ မရှိ ကျွန်တော့်နားထဲ ကြားနေရတဲ့ တစ်တန်းလုံးက တီးတိုး အသံတွေက ခေါင်းကိုက်ရသည်။

ကျွန်တော် မျက်မှောင်ကြုံ့လျက် နားကြပ်တပ်ကာ သီချင်းနားထောင်နေလိုက်သည်။

လောကကြီးနဲ့ အဆက်အသွယ်ဖြတ် သံစဉ်တွေနဲ့ အဖော်ပြုလိုက်မှပဲ ..... Better ....

Once Upon a time in Moon Light (completed) Z+UWhere stories live. Discover now