Chapter 9 - The bride

3.3K 340 5
                                    

Unicode below 👇

Chris's POV

မနက်နိုးလာတဲ့ထိ ကျွန်တော့် ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ သွေးစုတ်ကောင် တစ်ကောင်ရှိသည်။ တကယ်ပဲ တစ်ညလုံး အဲ့တိုင်း တုတ်တုတ်မလှုပ်ပဲ အိပ်နေတာလား .. လက်ဆွဲထုတ်လိုက်လျင်လဲ နိုးသွားမှာ စိုးတာနဲ့ ဒီတိုင်း ငြိမ်ငြိမ်နဲ့ ငေးကြည့်နေမိတော့သည်။

ခဏလောက်နေတော့ သူ့မျက်ခွံတွေ လှုပ်ရှားလာသည်... နိုးလာတော့မည် ကျွန်တော် အသက်တောင် ပြင်းပြင်းမရှုပဲ သူ့ မျက်တောင် နက်နက်တွေအောက်က မျက်ဆံ နက်နက်လေးတွေကို တောင့်တစွာ စိုက်ကြည့်နေတုန်း သူ့ မျက်စိအစုံ ပွင့်လာသည်။

အိပ်မှုန်စုန်မွှား မျက်လုံးတွေက ကျွန်တော့် မျက်ဝန်းတွေနဲ့လဲ ဆုံရော ပြူးကျယ်သွားပြီး ကျွန်တော့် ရင်ဘက်ကို တုန်းထုတ်ပြီး နောက်ဆုတ်သွားသည်။

"နိုး..နိုး..နေတာကြာပြီလား"

ကျွန်တော်ပဲ စိတ်ထင်နေလားမသိ . သူ့မျက်နှာ ပန်းရောင်သန်းနေသလိုပဲ ကျွန်တော် ခေါင်း သာသာ ညိမ့်ပြပြီး ... ထထိုင်ကာ

"အခန်းပြောင်းဖို့ ဦးနေကို သွားပြောလိုက်ဦးမယ်.."

သူက ခေါင်းပြန်ငြိမ့်ပြသည်

...... ..... .....

ဒေါက်..ဒေါက်..ဒေါက်

ခဏကြာတော့ ဦးနေ တံခါးလာဖွင့်ရင်း ..

"Chris.. မနက်စောစောဘာကိစ္စရှိလို့လဲ"

ကျွန်တော် ကြိုးကြောင်း စုံလင်စွာ ရှင်းပြလိုက်သည် အစကတော့ ဦးနေက တည့်အောင် နေကြည့်ဖို့ဖြောင်းဖျသည် နောက်တော့မှ မနေ့က ၂ယောက် ရန်ဖြစ်တဲ့ ကိစ္စကို အကြောင်းပြချက်ထဲ ရောထဲလိုက်တော့မှပဲ ဦးနေက အခန်းခွဲပေးဖို့ သဘောတူလိုက်သည်။

ကျွန်တော် အခန်းထဲ ပြန်ရောက်တော့ သူရ အင်္ကျီလဲနှင့်ပြီးပြီ ... ကျွန်တော် သူ့ဆီက အကြည့်လွှဲပြီး ဘာမှ သေချာ နေရာ အတည်အကျ မချထားတဲ့ ပစ္စည်းတွေကို သိမ်းဆည်းလိုက်သည်။

"Chris ငါသွားနှင့်တော့မယ် .."

နောက်မှ အသံကြားသော်လည်း ကျွန်တော် လှည့်မကြည့်ပါ ခေါင်းတော့ ငြိမ့်ပြလိုက်သည်။ ခဏကြာတော့ တံခါးပိတ်သံနဲ့ အတူ ကျွန်တော် တစ်ယောက်တည်း တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့တော့သည်။

Once Upon a time in Moon Light (completed) Z+UWhere stories live. Discover now