မျှော်လင့်မနေနဲ့...လွမ်းဘွဲ့ကိုစေ

6.8K 241 1
                                    

မျှော်လင့်မနေနဲ့...လွမ်းဘွဲ့ကိုစေ
ChanBaek
episode-1
_______________________________________

တဖျောက်ဖျောက်ကျဆင်းနေတဲ့ ဆီးနှင်းပေါက်တို့က မြေပြင်ဆီ။

လောကတစ်ခွင် ပက်ဖျန်းနေတဲ့ အေးစိမ့်မှုကြောင့် လူတိုင်းကိုယ်စီ အနွေးထည်တွေနှင့်ပင်။

အေးစက်မှုဒဏ်အား အံတုကာ ကျောင်းဝတ်စုံခပ်ပါးပါးလေးအား သူမဝတ်ဆင်လိုက်တယ်။

လက်ဖောင်းအကျီင်္အဖြူ. ကြိုးစည်းလေးနှင့် အနက်ရောင် ပေါင်လယ်သာသာ စကတ်အတိုက သူမတို့ရဲ့ကျောင်းဝတ်စုံပင်။

ကျောင်းဝတ်စုံအား ကျကျနနဝတ်ဆင်အပြီး ပန်းနုရောင်ကျောပိုးအိတ်လေးအား လွယ်ကာ လှေကားထစ်အတိုင်း တစ်လှမ်းချင်းဆင်းလာတဲ့ သူမအား ငေးကြည့်ကာပြုံးနေသူက ကိုကို။

ကိုကိုကြည့်နေသော်ငြား အထူးတလည် ရှက်စိတ်ပိုကာ မနေတတ်မထိုင်တတ် မဖြစ်မိတော့။

ထုံးစံပဲမို့ သူမအတွက်ရိုးအီနေပြီသာ။

ဟိုးငယ်ငယ်လေးကတည်းက သူမကိုသိပ်ချစ်တဲ့ ကိုကိုက သူမဘာလုပ်လုပ် ခြေအစခေါင်းအဆုံး လိုက်ကြည့်တတ်တာ ထုံးစံတစ်ခုပင်။

ကျောပိုးအိတ်လေးအား ခုံတွင်ချိတ်ကာ ဝင်ထိုင်လိုက်သည်နှင့် ကိုကိုကအအေးခွက်လေး ရှေ့ချပေးသည်။

BH:;Thank youကိုကို!

CY;Baekkie ah! မနေ့က ဟိုဘက်အခန်းက အကောင်စကားလိုက်ပြောတယ်ဆို!

ရုတ်တရက်မေးလိုက်တဲ့ ကိုကို့စကားကြောင့် ဘာပြောရမှန်းတောင်မသိ။

BH:;မဟုတ်ပါဘူး ကိုကိုကလည်း စာအုပ်လိုက်ငှားတာပါ!

CY:;ကြည့် လိမ်ပြန်ပြီ ကိုကိုမသိဘူးထင်နေတာလား ဟမ်?

ခေါင်းလေးအားပုတ်ကာ ကိုကိုဆူသည်အား လျှာလေးထုတ်ကာ ဂုတ်လေးပုလိုက်တော့ အသည်းယားစွာ ကိုကိုဂုတ်အားညှစ်ပြန်တယ်။

BH:;ကိုကိုနာတယ်လို့!

CY:;Baekနော် ရည်းစားမထားရဘူး ကြားလား?

BH:;သိပါတယ်ကိုကိုရဲ့ Baekက ယောက်ျားဆိုလို့ ဒယ်ဒီနဲ့ကိုကိုကလွဲပြီး ဘယ်သူ့မှမချစ်ဘူး!

မျှော်လင့်မနေနဲ့...လွမ်းဘွဲ့ကိုစေWhere stories live. Discover now