မျှော်လင့်မနေနဲ့...လွမ်းဘွဲ့ကိုစေ

1.5K 95 0
                                    

🌴မျှော်လင့်မနေနဲ့…လွမ်းဘွဲ့ကိုစေ🌴
🌴ChanBaek🌴အပိုင်း-32🌴

မွေ့ယာထက်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ သမီးငယ်အားကြည့်ကာ သူမျက်ရည်ကျမိတယ်။

Baekဗိုက်ထဲကထွက်ကတည်းက ဒီအရွယ်အထိ သမီးလေးကသူ့လက်ပေါ်မှကြီးခဲ့တာမို့ သမီးလေးကို သူ့အသက်ထက်ပို၍ချစ်ပါသည်။

သမီးငယ်ငယ်ကဆို အစစအရာရာ သူပဲလုပ်ပေးဖြစ်တာများသည်။

နုညက်အိစက်နေတဲ့ သမီးရဲ့ပါးပြင်မို့မို့အား နမ်းရှိုက်ရင်း မျက်ရည်တစ်စက်က သမီးပါးနုနုပေါ် ပေါက်ခနဲ။

'အူဝဲ'ဆိုပြီး စငိုတတ်ကတည်းက သူ့လက်ကမချတမ်း သမီးကိုထိန်းခဲ့တာ တစ်ခါတစ်လေ ညလုံးပေါက်မအိပ်ရတာမျို.းတွေတောင် ရှိဖူးတယ်။

သမီးချေးသေးကလူကအစ သူကိုယ်တိုင်ပဲလုပ်ပေးဖြစ်တယ်။

တစ်ခါတစ်လေ သမီးကဆင်ဆိုလည်းဆင် ကျားဆိုလည်းကျား ဆော့ပေးခဲ့ရတာမျို.းလည်းရှိသည်။

ဆောင်းတွင်းအေးစိမ့်စိမ့်မှာ သမီးကိုချီပြီး တစ်လမ်းလုံးလည်း သူပတ်ဖူးခဲ့ပြီးပြီ။

သမီးအတွက် ဘဝတစ်ခုလုံးပေးအပ်ထားတာမို့ သမီးစိတ်တိုင်းကျလုပ်ပေးရင်း သူနာကျင်ရတာမျို.းတွေလည်းရှိတယ်။

ဒါပေမဲ့ သမီးကြောင့် သူတစ်ခါမှ မညီးညူ ခဲ့ဖူးပါ။

သမီးကိုအသက်မျှလောက်ချစ်သည်လေ။

သီတာရေပမာ အေးမြလှတဲ့ ချစ်သမီးရဲ့မျက်နှာလေးအား
တစိမ့်စိမ့်ကြည့်ရင်း မျက်ရည်တွေကြားက မျက်ဝန်းတွေ သူဒီညမှိတ်နိုင်တော့မယ်မထင်……။

ဒီညသမီးကို သူနဲ့သိပ်မယ်ဆိုပြီး Jongdaeခေါ်သွားတာမို့ ကျွန်တော့်တောက်တဲ့လေးက အနားကမခွာ။

လက်အားဆန့်တန်းကာ ခြေဆင်းပြီးပက်လက်အနေအထား ကျွန်တော့်ရင်ခွင်ကျယ်ထဲ ခေါင်းလေးတိုးဝှေ့ရင်း ကျွန်တော့်ညာဘက်ရင်အုတ်အား လက်သည်းဖြင့် အကြောင်းမဲ့ကုတ်ခြစ်နေတာမ်ို့…

"pcy>>Baekဘာလို့ကုတ်နေတာလဲ?"

"baek>>အသည်းယားလို့ဟီး"

မျှော်လင့်မနေနဲ့...လွမ်းဘွဲ့ကိုစေOnde histórias criam vida. Descubra agora