*မျှော်လင့်မနေနဲ့...လွမ်းဘွဲ့ကိုစေ*
*ChanBaek*အပိုင်း-14*ကျွန်တော်နာမည်Kim Jong In!
လူသားတစ်ယောက်အဖြစ် စတင်မွေးဖွားလာကတည်းက
ဘာသာစကားဆိုတာကို နှုတ်ကနေဖွင့်ဟ ပြောခွင့်မရခဲ့သူ။ကျောင်းတတ်တဲ့အရွယ်ရောက်ခဲ့ပြန်တော့လည်း
မတူညီတဲ့လူတွေကြားမှာ ကျွန်တော့်အားငယ်မှုတွေနဲ့ ဘဝကိုစတင်ခဲ့ရပြန်တယ်။တစ်ခါတစ်လေမှာ ဘဝကပင်ပန်းလွန်းတယ်။
သူများတွေ တေးသံချိုချိုဆိုညည်းနေချိန်
ကျွန်တော့်မှာ စာရွက်တစ်ရွက် ခဲတံတစ်ချောင်းနဲ့ပဲ ဘဝကိုပြီးဆုံးခဲ့ရတာများသည်။Ommaရှိတုန်းကတော့ ကျွန်တော်သိပ်အားမငယ်တတ်ပါ။
တစ်လောကလုံးက ကျွန်တော့်ဘာသာဗေဒကို
နားမလည်ခဲ့ရင်တောင် ကျွန်တော့်Ommaတစ်ယောက်ကတော့
အတိအကျကို နားလည်ပါသေးတယ်ဆိုပြီး
ကျွန်တော့်စိတ်တွေတင်းခံခဲ့ဖူးသည်။ဒါပေမဲ့ Ommaဆုံးသွားတဲ့အချိန်မှာ
ကျွန်တော်သိလိုက်ရတာတစ်ခုက ကျွန်တော်က
သုံးစားမရတဲ့ ချို့ယွင်းသူတစ်ယောက်ဆိုတာ..ကျွန်တော့်လိုအအတစ်ယောက်အတွက် အလုပ်ဆိုတာ
မရှိဘူး။ထမင်းတစ်နပ်စားရဖို့ ခက်ခဲလွန်းတဲ့
ဒီဘဝကြီးကို ကျွန်တော်တကယ်စိတ်ကုနှ်လှပြီ။ခြေဦးတည့်ရာ လျှောက်သွားရတာလည်း
ဖိနပ်တွေလည်း ပါးနေပြီ။ဘဝမှာဆုတောင်းလေးတစ်ခုသာ ပြည့်မယ်ဆိုရင်
မှောင်မိုက်နေတဲ့ကျွန်တော်ဘဝတွက်
အလင်းရောင်လေးတစ်ခုတော့ ရချင်တယ်။မရေရာတဲ့ မျှော်လင့်ချက်တစ်ခုကို
ဟန်မြစ်ကိုမျက်နှာမူကာ ကျွန်တော်ဆုတောင်းနေချိန်...ဘယ်သူဖန်ဆင်းမှန်းမသိပါပဲ ကျွန်တော့်အနား
သူ့အလိုလိုရောက်လာတဲ့ နတ်ဘုရားမလေး။မှိန်ဖျဖျလရောင်အောက်မှာ သူမအပြုံးတွေက
တောက်ပလွန်းတယ်။အပိုဆာလာခြယ်သမထားတဲ့ သူ့မမျက်နှာချောချောအား
ကျွန်တော်တကယ်မေ့ဖျောက်၍မရခဲ့ပါ။