မျှော်လင့်မနေနဲ့...လွမ်းဘွဲ့ကိုစေ

1.2K 87 0
                                    

🍀မျှော်လင့်မနေနဲ့…လွမ်းဘွဲ့ကိုစေ🍀
🍀ChanBaek🍀အပိုင်း-24🍀

"soo~မောင် ရော့"

မောင့်နားတစ်ဖက်အတွင်းသို့ နားကျပ်လေးတစ်ဖက်အား
ထည့်ပေးကာ သီချင်းနားဆင်ရင်း မောင့်ပခုံးထက် ခေါင်းလေးမှီနွဲနေစဉ်…။

မျက်စိရှေ့ရပ်လာတဲ့ ခြေထောက်တစ်စုံကြောင့် မောင်ရောကျွန်မပါခေါင်းမော့ကြည့်လိုက်သည်။

မြင့်မားတဲ့အရပ်အမောင်းနဲ့ လိုက်ဖက်စွာ ဝတ်ဆင်ထားတဲ့
ခပ်ချောချောလူတစ်ယောက်။

"soo~ဘာကိစ္စရှိလို့လဲမသိဘူး"

"pcy~မင်းနာမည်Kim Jong Inနော်"

ကျွန်မမေးလိုက်ပေမယ့် ထိုလူကမောင့်ကိုသာ ဦးတည်နေတာမို့ ကျွန်မအနည်းငယ်တော့ စိုးရိမ်မိတယ်။

မောင်ကခေါင်းလေးအသာညိတ်ပြတော့ ထိုလူ့မျက်လုံးတွေ ကျွန်မထံရွေ့လာပြန်သည်။

"pcy~မင်းက"

"soo~ကျွန်မကမောင့်ချစ်သူ"

ကျွန်မအဖြေမှာရယ်စရာမပါပါပဲ ထိုလူဟက်ဟက်ပက်ပက်ပင်
ရယ်မောနေတာ ဘာသဘောလဲ?

ကျွန်မထိတ်လန့်စွာ မောင့်လက်ကိုကျစ်ကျစ်ပါအောင် ဆုတ်ထားမိတယ်။

"pcy~Kim Jong Inမင်းနဲ့ငါ စကားခဏပြောရအောင်"

ထိုလူရဲ့ကမ်းလှမ်းချက်ကို မောင်ကကျွန်မမျက်နှာအား
တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်တာမို့ ကျွန်မစိုးရိမ်စွာ မောင့်ကိုလိုက်မသွားဖို့ ခေါင်းခါပြသော်ငြား မောင်ကအပြုံးတို့ဖြင့် ကျွန်မလက်အားခပ်ဖွဖွလေး ပုတ်သည်။

သဘောက "မစိုးရိမ်နဲ့ ဘာမှမဖြစ်ပါဘူး"တဲ့လေ။

မစိုးရိမ်လို့ရမလားမောင်ရယ် မောင်တစ်ခုခုဖြစ်ရင် ကျွန်မရူးသွားလိမ့်မယ်။

"pcy~ကလေးမ သိပ်စိုးရိမ်မနေနဲ့ မင်းချစ်သူကို ငါလက်ဖျားနဲ့တောင်မထိဘူး"

"soo~ရှင်ပြောတိုင်းကျွန်မကယုံရမှာလား?"

"pcy~ငါအပိုတွေမပြောတတ်ဘူး "

"soo~ကောင်းပြီလေ ရှင့်နာမည်ပြော"

"pcy~Park Chan Yeol! Ok ငါအခုသူ့ကိုခေါ်သွားလို့ရပြီလား?"

မျှော်လင့်မနေနဲ့...လွမ်းဘွဲ့ကိုစေOnde histórias criam vida. Descubra agora