မျှော်လင့်မနေနဲ့...လွမ်းဘွဲ့ကိုစေ

1.3K 83 0
                                    

🌺မျှော်လင့်မနေနဲ့…လွမ်းဘွဲ့ကိုစေ🌺
🌺ChanBaek🌺အပိုင်း-23🌺

တဟူးဟူးတိုက်နေတဲ့ လေမျက်နှာပြင်ကို မျက်နှာမူနေတဲ့ ကျွန်မချစ်သူက ပကတိတိတ်ဆိတ်စွာ။

နောက်မှနေ ခါးအားရစ်သိုင်းဖက်တွယ်လိုက်တော့ အံ့သြတဲ့မျက်ဝန်းများဖြင့် Jonginလှည့်ကြည့်သည်။

"soo~Miyanae~"

ကျွန်မရဲ့တီးတိုးတောင်းပန်တိုးလျှိုးမှုအား မျက်ရည်လဲ့တဲ့ အပြုံးလေးများဖြင့် ခေါင်းခါပြသည်။

"soo~Sooမသိခဲ့လို့ပါJongin! Jonginရဲ့အခြေအနေအမှန်ကို Sooမသိခဲ့လို့ပါ! SooလေJonginကို အရမ်းချစ်တယ် သိလား?
Jonginဘဝရဲ့ အနိမ့်အမြင့် အတက်အကျတိုင်းမှာ Sooအတူတူရှိနေပေးမယ်နော် Sooနှစ်ယောက်ရဲ့အချစ်တွေနဲ့ အရာရာကိုရင်ဆိုင်ကြမယ်နော်"

ရင်ခွင်ထဲခေါင်းလေးတိုးဝင်ရင်း ကျွန်မပြောတော့
Jonginခေါင်းလေးညိတ်ကာ တင်းတင်းကြပ်ကြပ်
ပွေ့ဖက်သည်။

ကျွန်မတို့အချစ်မှာ ဘာသာစကားတွေမလိုဘူး။

အခြေအနေ အဆင့်အတန်းတွေ ဂုဏ်သိက္ခာတွေ ဘာတစ်ခုမှရှိမနေလည်းရတယ်။

အဓိကက Jonginအချစ်တွေ ကျွန်မအတွက် ထာဝရရှင်သန်နေသလို ကျွန်မအချစ်တွေကလည်း Jonginအတွက် ထာဝရတည်ရှိနေရင် ပြည့်စုံတယ်။

တကယ်တော့ အချစ်ဆိုတာ ချစ်နေဖို့ပဲ။

*ကိုကိုကXiuကို သတ်တယ်*

ဟင့်အင်း မဟုတ်ဘူး ကျွန်မလုံးဝမယုံဘူး။

ဘာကိစ္စကိုကိုကXiuကို သတ်ရမှာလဲ?

မဖြစ်နိုင်တာ လုံးဝမဖြစ်နိုင်ဘူး။

အခန်းငယ်လေးထဲ တစ်ယောက်တည်း ငိုကြွေးရင်း
ကျွန်မအပြန်ပြန် အလှန်လှန် ငြင်းဆိုနေမိတယ်။

ကျူံ့ ကျူံ့လေးထိုင်နေတာမို့ ထောင်ထားတဲ့ဒူးနှစ်ဖက်ပေါ်
ခေါင်းမှောက်ရင်း မျက်လုံးမှိတ်လိုက်တိုင်း ဝင်လာတဲ့
Xiu phထဲ message boxထဲက video fileတစ်ခု။

videoထဲက ကိုကိုနဲ့Xiuနဲ့ပုံရိပ်တွေ။

ကိစ္စတစ်ခုအတွက် အကြီးအကျယ်စကားများနေပြီးမှ
ကိုကိုပြန်ထွက်လာတဲ့အချိန် Xiuမျက်ဝန်းအိမ်က မျက်ရည်တွေ။

မျှော်လင့်မနေနဲ့...လွမ်းဘွဲ့ကိုစေDonde viven las historias. Descúbrelo ahora