မျှော်လင့်မနေနဲ့...လွမ်းဘွဲ့ကိုစေ

1.4K 103 0
                                    

🌿မျှော်လင့်မနေနဲ့…လွမ်းဘွဲ့ကိုစေ🌿
🌿ChanBaek🌿အပိုင်း-19🌿

အခန်းအတွင်း တစိမ့်စိမ့်ဝင်လာတဲ့ ပြင်ပလေးတွေရဲ့
အေးစိမ့်မှုနဲ့ အောက်အခင်းကြမ်းပြင်က ကြွေပြားတွေရဲ့
အေးစိမ့်မှုတို့ အားပြိုင်သည့်ကြား သူမကတော့ မြေစာပင်ပမာ။

တစ်စတစ်စတိုးလာတဲ့ အေးစိမ့်မှုကြောင့် အကူအကာတစ်ခုအား သူမရူးသွပ်စွာတော့ မျှော်လင့်မိပါသည်။

ဒူးလေးနှစ်ဖက်အား ပွေ့ပိုက်ကာ ခွေခွေလေး
လဲအိပ်နေရတဲ့သူမအဖြစ်ကို တွေးမိတိုင်း ကိုကို့ရဲ့ဥပေက္ခာပြုနိုင်စွမ်းကို သူမအံ့သြမိပါသည်။

ဟိုးအတိတ်ကနေ့ရက်တွေမှာ သည်လိုရာသီဥတု
အေးချမ်းတိုင်း သူမအေးမှာဆိုးပြီး တယုတယထွေးပွေ့ထားတတ်ခဲ့တဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်။

သူမငိုကြွေးတိုင်း ဟာသတွေအမျိုးမျိုးလုပ်ပြတတ်တဲ့ သူမရဲ့လူရွှင်တော်လေး ရှိခဲ့ဖူးတယ်။

သူမကိုတစ်ပါးသူတွေ ထိကပါးရိကပါးလုပ်တိုင်း
သူမရှေ့မှာအမြဲကာကွယ်တတ်တဲ့ သူမရဲ့Heroလေး
ရှိခဲ့ဖူးတယ်။

လွမ်းမိပါတယ် တစ်ချိန်က ပျော်ရွှင်စရာနေ့ရက်အချို့ ကို…။

အဲ့ဒီ့နေ့ကChristmasနေ့…။

ပတ်ဝန်းကျင်တစ်ခွင်လုံး နှင်းတွေဝေနေတဲ့အချိန်။

လူအများသီချင်းတွေဆိုပြီး ပျော်ရွှင်နေချိန်။

သူမကတော့နှစ်ခြိုက်စွာ အိပ်မောကျလျက်။

စောင်လေးခြုံပြီးကွေးနေတဲ့ သူမမျက်နှာပြင်ထံ
လာရောက်ထိခတ်တဲ့ လေငွေ့နွေးနွေး။

ပါးပြင်ထက်ကျလာတဲ့ အနမ်းလေးကြောင့် သူမမျက်ဝန်းဖွင့်ကြည့်မိတော့…။

စန်တာကလော့ဘိုးဘိုးလေးက သွားညီညီလေးတွေ
ပေါ်အောင် ပြုံးပြလို့နေသည်။

pcy:;Marry Christmas!

အိပ်မှုံစုံမွှားဖြင့် သူမရယ်ပြတော့ …

pcy:;agiooဒီကလေးမ စန်တာဘိုးဘိုးကိုတော့ ဂရုမစိုက်ဘူးပေါ့လေ

baek:;ဘိုးဘိုးဆိုလက်ဆောင်ပေး

pcy:;အာ အဲ့ဒါမှ ဒုက္ခပဲ ဘိုးဘိုးကလက်ဆောင်မေ့ခဲ့တယ်

မျှော်လင့်မနေနဲ့...လွမ်းဘွဲ့ကိုစေHikayelerin yaşadığı yer. Şimdi keşfedin