လွန်ခဲ့သောအချိန် ၂၀၁၅ ခုနှစ်။ ။
ကံကြမ္မာအရ သူနဲ့တွေ့ဖို့ကံပါလာသည်ထင်ရသည်။
ကျောင်းတက်နေတဲ့ကာလ Park Chanyeol ကတော့ သူဌေးသား အပြင်ကို scholar နဲ့ကျောင်းတက်နေတဲ့သူ။ စာကလဲတော်။ လူချစ်လူခင်ကလဲများ။ အတန်းထဲမှာ အမြဲတမ်း တက်တက်ကြွကြွ ။ ပြီးရင် စပ်စုစိန် ဆိုလဲ မမှားဘူး။အဲ့နေ့ကစပြီး အမြဲလိုလို သတိထားမိသွားတယ်။
Byun Baekhyun....
ကျောင်းကို အမြဲတမ်း နောက်ကျမှ ရောက်တယ်။ စာသင်ချိန်ဆို အိပ်ငိုက်တာ မြင်မကောင်းဘူး။ လစဉ်ဖြေတဲ့ စာမေးပွဲတိုင်းမှာလဲ အောင်ရုံအမှတ်။ Chanyeol ကတော့ အမှတ်ပြည့်။ Baekhyun တစ်ယောက် အမှတ် အဲ့လောက်နည်းနေပေမယ့်လဲ ကျောင်းသူကျောင်းသားတွေ assignment မပြီးရင် သူက ရေးပေးတယ်လေ။ assignment တစ်ခုကို ဝမ် ၅၀ နဲ့ရေးပေးတယ်။
Chanyeol အတွက်တော့ ဒါ amazing ပဲလေ။
ကျောင်းကအပြန် ဖြတ်ခနဲဆိုသလို မရှိတော့ဘူး။
Chanyeol အရမ်း စိတ်ဝင်စားနေပြီလေ။
ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ Baekhyun ကိုကျောင်းမှာ မတွေ့ဘူး။ လိုက်မေးကြည့်တော့ ဖျားနေလို့တဲ့။စိတ်ပူတယ်ရယ်လို့တော့ ပြောလို့မရသေးပေမယ့် အခန်းထဲမှာ အဲ့တစ်ယောက်ကို မတွေ့ရတော့ ပျင်းနေသလိုလို စိတ်အလိုမကျသလိုလို ဖြစ်နေတယ်လေ။
ဒါတောင် တစ်ယောက်နဲ့တစ်ယောက် သိသေးတာမဟုတ်ဘူးနော်။
နောက်တော့ Chanyeol မနေနိုင်တော့ဘူး။ ဒီနေ့နဲ့ဆို ၄ ရက်ရှိပြီ။ အတန်းပိုင်ဆရာမ စီကိုသွားပြီး Byun Baekhyun ရဲ့လိပ်စာကိုသွားတောင်းလိုက်တယ်။
ကျောင်းဆင်းချိန်ရောက်တော့ လိုက်သွားကြည့်တယ်။ Chanyeol အတွက် အထူးအဆန်းပါပဲ။ ကားက ခပ်ဝေးဝေးမှာ ရပ်ထားခဲ့ရတယ်။ အဲ့ထက်ဆက်ဝင်လို့မရတော့ဘူးလေ။ ဆင်းရဲသားဆင်ခြေဖုံးရပ်ကွက်ကို သူဌေးသားလေး Park Chanyeol ဟိုကြည့်ဒီကြည့်နဲ့ ဖြေးဖြေးလျှောက်လာခဲ့တယ်။
ဆရာမရေးပေးလိုက်တဲ့စာရွက်လေးကိုကြည့်ပြီး " အမှတ် ၅၅ ဆိုတော့....." အိမ်နံပါတ်လေးတွေလိုက်ကြည့်ပြီး လမ်းထဲကိုဝင်လာခဲ့တော့ နောက်ဆုံး လမ်းရဲ့ အဆုံးမှာ တွေ့ပြီလေ အမှတ် ၅၅ ။ ဟူးးးး မောလိုက်တာ... မိနစ် ၃၀ လောက် လမ်းလျှောက်ရတယ်။
YOU ARE READING
A boy who returned
RomansaPark Chanyeol : မင်းကို မမေ့နိုင်ဖြစ်နေတဲ့ ငါ့ကိုယ်ငါ အရမ်းမုန်းတယ်။ Byun Baekhyun : ချစ်နေပေမယ့် မုန်းချင်တယ်။ // ဒီတစ်သက် ငါတို့ ပြန်မဆုံရပါစေနဲ့ကွာ // - park chanyeol -byun baekhyun