အပိုင်း ၆

3.5K 280 2
                                    


Chanyeol တစ်ယောက် သူ့အိမ်ပြန်ပြီး အမေ့ကိုသွားခေါ်ဦးမယ်လို့ပြောသွားတော့ Baekhyun တစ်ယောက် အိမ်မှာ တစ်ယောက်ထဲကျန်ခဲ့ပြီး ပြာယာခတ်နေလေရဲ့။

အအေး? အအေး??

အအေးမရှိလို့ လမ်းထိပ်ကိုပြေးဝယ်လိုက် ပြန်လာလိုက် ဟင်းချက်နေရင်း တစ်ခုခုလိုပြန်ပြီဆို ပြန်ပြေးလိုက်လွှားလိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ။

အားလုံး အဆင်သင့်ဖြစ်နေပြီ ရေမိုးချိုးပြီး Chanyeol ပြန်အလာကို ငုတ်တုပ်လေး အိမ်ရှေ့က တံခါးဝနားလေးမှာ ထိုင်စောင့်နေရင်း ဗိုက်က နာချင်သလိုလိုတောင်ဖြစ်သွားတယ်။ သူ့ဗိုက်လေးကို လက်လေးနဲ့ပွတ်ပြီး ခုနက ပြေးလိုက်လွှားလိုက် လုပ်လိုက်လို့ဖြစ်မယ်။ သတိထားမှပဲ။

" baek ရေ.... ကိုယ်ပြန်လာပြီ... ဒီမှာ ကိုယ့်အမေ..."

အမြန်ပဲ မတ်တပ်ထရပ်လိုက်ပြီး ဂါရဝအရင်ပြုလိုက်သည်။

" ကျွန်...ကျွန်တော် Byun Baekhyun ပါ အန်တီ..."

" byun baekhyun?? နာမည်လေးက လူလိုပဲနော် ချစ်ဖို့ကောင်းလိုက်တာ..." အမေက ပြုံးပြုံးပဲ။

" အန်တီ ဝင်ပါဦး... ထမင်း မစားရသေးဘူးထင်လို့ နည်းနည်းပြင်ဆင်ထားတယ်..."

" အချင်းချင်းတွေကို မလိုပါဘူးကွယ်..."

အိမ်ထဲကိုဝင်ပြီး အိမ်ပတ်လည်ကို တစ်မေ့တစ်မော ငေးမိပြီးမှ " Yeollie လေးပြောတဲ့ အိမ်ဌားတယ်ဆိုတာ ဒီရပ်ကွက်လား??"

" ဟုတ်...ဟုတ်... Yeol က ဟိုဘက်အခန်း အန်တီ..."

" ငယ်ရွယ်သူတွေဆိုတော့လဲ အန်တီတို့တောင် လိုက်လို့မမှီတော့ပါဘူးကွယ် ချစ်ကြပိုးကြနဲ့ ဟုတ်နေကြတာပဲ..."

Baekhyun ခုမှ ပြုံးနိုင်တော့တယ်။ ရင်ထဲက အလုံးကြီး ခုမှပဲကျသွားတော့တယ်။
Yeol '. အမေက တော်တော် သဘောထားပြည့်ဝပြီး အရမ်းသဘောကောင်းတာပဲ။





ဒီလိုနဲ့ စကားစမြည်ပြောရင်း
" ဒါဆို အန်တီ ပြန်တော့မယ်ကွယ်..."

" အန်တီ ဘာမှလဲ မစားသွားဘူး... အရသာ မရှိလို့လား အန်တီ...??"

" မဟုတ်ရပါဘူး.. မနက်ကလဲ စားလာသေးတယ်... ရင်ပြည့်နေသလားလို့ အဲ့ဒါကြောင့် သိပ်မစားနိုင်တာပါကွယ်..."

A boy who returned Where stories live. Discover now