|| please don't forget to play the sound & read.... ^^ ||
" ဆန်ပြုတ် ပြုတ်ပေးခဲ့တယ်.... စားတော့မယ်ဆို နွှေးပြီးစားနော်... ပြီိးရင်ဆေးသောက်ဖို့ မမေ့နဲ့ဦး..." လှဲနေတဲ့ Chanyeol ကို နဖူးမှာ အဖျားတစ်ချက်တိုင်းကြည့်လိုက်သေးသည်။
" ပူတော့ မပူတော့ဘူး... အဖျားတော့မရှိတော့ဘူးထင်တယ်.." သူ့ဘာသာပြောပြီး သက်ပြင်းချလိုက်သေးသည်။
" Baek??? ဘယ်သွားမလို့လဲ??"
Chanyeol လှဲနေရာကနေ ထထိုင်လိုက်တော့" အဲ... လှဲနေဦးလေ...."
" ဘယ်သွားမလို့လဲ baek???"
"အလုပ်သွားလျှောက်မလို့.... တစ်နိုင်တစ်ပိုင်ပဲလုပ်တော့မယ်... Channie လဲမရှိ..... ကဲ ထားပါတော့...."
" ကိုယ်လဲ လိုက်မယ်"
" နေမကောင်းသေးတာကိုး... အိမ်မှာပဲ နားဦး..."
ထထွက်သွားတော့မယ့် Baekhyun ကို လက်ကိုလှမ်းဆွဲပြီး
" ပေးစရာရှိတယ်..."
ကြောင်ပြီးကြည့်နေတဲ့ Baekhyun ကို လှမ်းပွေ့ဖက်လိုက်ပြီး မေးစေ့လေးကို သူ့လက်နှစ်ဖက်နဲ့ပင့်ကာ Baekhyun ရဲ့နှုတ်ခမ်းလေးတွေကို နူးညံ့စွာထိကပ်ပြီးနမ်းလိုက်သည်။
" ချစ်တယ် baek... "
ရှက်သွေးဖြာသွားတဲ့မျက်နှာနဲ့ " ဒ... ဒါ ဘာလုပ်တာလဲ??"
Chanyeol ခဏတာ ပြုံးလိုက်ပြီးနောက် Baekhyun ကို သူအိပ်နေတဲ့ အိပ်ယာပေါ်သို့ ဆွဲပြီး ပစ်လှဲလိုက်သည်။
" ဖ.... ဖယ်လေ.... "
ပါးစပ်ကနေတော့ ဖယ်ဆိုတာ မချပေမယ့် စိတ်ဆိုးတဲ့ အရိပ်အရောင်လုံးဝ မတွေ့ရဘူးလေ။
" ကိုယ် အရမ်းပျော်တယ် baek.... မင်းနဲ့ အတူတူ နေ နေရလို့... ကိုယ် အရမ်းပျော်တယ်...."
Chanyeol ရဲ့နွေးနေတဲ့လက်တွေကနေ Baekhyun ရဲ့ shirt အင်္ကျီရဲ့ကြယ်သီးတွေကို တစ်ဖြည်းဖြည်း ဖြုတ်ပြီးတဲ့နောက်မှာတော့....
Chanyeol ရင်ခွင်ထဲမှာ အိပ်မောကျနေတဲ့ Baekhyun ကို Chanyeol တစ်စိုက်မတ်မတ်ကြည့်နေမိသည်။
မျက်လုံးလေးတွေ လှုပ်လာကာ ဖွင့်ကြည့်လိုက်တော့ Chanyeol မျက်လုံးတွေနဲ့ တန်းပြီး အကြည့်ချင်းစုံသွားတော့သည်။
YOU ARE READING
A boy who returned
RomansaPark Chanyeol : မင်းကို မမေ့နိုင်ဖြစ်နေတဲ့ ငါ့ကိုယ်ငါ အရမ်းမုန်းတယ်။ Byun Baekhyun : ချစ်နေပေမယ့် မုန်းချင်တယ်။ // ဒီတစ်သက် ငါတို့ ပြန်မဆုံရပါစေနဲ့ကွာ // - park chanyeol -byun baekhyun