🌸 Bonus 🌸

5K 272 1
                                    

Channie လေး မွေးတုန်းကဆို Baekhyun လက်ပေါ်မှာချည်းပဲ။ အလုပ်လဲ လုပ်လို့မရ ဘာမှ လုပ်လို့မရဖြစ်နေခဲ့တာ။

ခုကျတော့လဲ Baekhyun ဆိုတာ အားယားနေလို့ အေးဆေး TV ကြည့်လိုက် ညညဆို စာရင်းထိုင်တွက်နဲ့ ဟုတ်နေတာပဲ။

baby လေးက အရမ်းချစ်ဖို့ကောင်းတယ်။ Park Chan လို့နာမည်ပေးထားတယ်လေ။

ခုတော့ Park Chanyeol ဆိုတဲ့ချစ်ရတဲ့သူရဲ့ မျိုးရိုးနဲ့ သူတို့ရဲ့ တစ်ဦးတည်းသောသွေးသားလေးကို မှည့်လို့ရပြီလေ။

Park Chan လေးတစ်ယောက်ကတော့ အမြဲတမ်းလိုလို Chanyeol လက်ပေါ်မှာချည်းပဲ။

Chanyeol ဆိုတာလဲ Baekhyun ခေါ်ရင်တောင် မလာတော့ဘူး။ သူ့သားနဲ့ပဲ နေနေတော့တာဆိုတာ။

" ကူး ကု ကူးးးးး ကာ့ ကာ ကားးးးးးး "

ဧည့်ခန်းထဲကနေ အသံတွေပေါင်းစုံ ထွက်နေတဲ့ သားအဖနှစ်ယောက်ကို Baekhyun တစ်ကယ် ကြည့်လို့မရတော့။

အိပ်မရလို့ ခဏအိပ်မယ်ဆိုပြီး အခန်းထဲဝင်အိပ်ရုံရှိသေး။ မိနသ်တောင် မကြာဘူး။ အသံတွေ ထွက်လာတယ်။

" ငြိမ်ငြိမ်လေးနေချင်တဲ့ရက် မရှိဘူးလား ဒီနှစ်ယောက်??" စူပုတ်ပုတ်နဲ့ Chanyeol ထိုင်နေတဲ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

" သားသားလေးက ကစားချင်တယ်ဆိုလို့ပါ baek ကလဲ..."

ကလေးနဲ့ ကစားနေတဲ့ Chanyeol...

Baekhyun အချိန်တော်တော်ကြာ ငေးကြည့်နေမိတယ်။

အော် Yeol... တော်တော် park chan လေးကို ချစ်တာပဲ။ Channie လေးဝင်စားတယ်လို့ပြောထဲက သူ့မှာ မွေးထဲက ကလေးကို သူပဲထိန်းနေတော့တာပဲ။

သူ ဘယ်လောက်တောင် လွန်ခဲ့တဲ့ နှစ်တွေမှာ နောင်တ ရနေလိမ့်မလဲ??

" baek??"

"....."

" baek???"

" အမ်?? ပြော??"

" ဘာတွေ စဉ်းစားပြီး ထိုင်နေတာတုန်း??"

" YEOL ကို စိတ်ကောက်နေတာ!!" မျက်စောင်းထိုးပြီး ပြောလာတဲ့ Baekhyun ရဲ့ပါးလေးအား Chanyeol ချစ်လွန်းလို့ စွဲဆိတ်လိုက်သည်။ " ဘာတွေကောက်တုန်း??"

A boy who returned Where stories live. Discover now