အပိုင်း ၅

3.4K 292 4
                                    

" hello baekhyun... "
ဆရာမ မလာခင် ထိုင်ခုံမှာ assignment ရေးနေတဲ့ Baekhyun ရှေ့မှာ Chanyeol တစ်ယောက် စောစောစီးစီး လာကပ်ချွှဲနေသည်။

မနေ့ညကဖြစ်စဉ်မှာ Chanyeol ကျေးဇူးလဲပါတယ်ဆိုပါတော့။ သူလမ်းညွှန်လိုက်တာဆိုတော့။

အဲ့တော့လဲ ကောင်းကောင်းမွန်မွန် ပြန်ပြောပေးရတာပေါ့လေ။

" baek မအားဘူး... assignment ရေးနေတယ်..."

Baekhyun  ရဲ့အကျင့်သည် လူတစ်ယောက်ကို ခင်ပြီဆို သူ့ကိုယ်သူ 'baek' လို့ ခေါ်ဝေါ်တတ်သည်။ ဒါကို မသိထားသော Chanyeol တစ်ယောက် သူ့နားထဲ ဝင်သွားတဲ့အခါ ချိုမြန်လွန်းသွားခဲ့။ ကျေနပ် ဝမ်းသာ ပီတိတွေ ဖြစ်လို့။ အဆင့်တွေ တိုးတက်နေတယ်ပေါ့။

" ဘာ assignment တွေလဲ??" တော်တော်ကြာပြီးမှ " baek?" ဆိုပြီး ထပ်ဆင့်လိုက်ပြော ပြီးရင် တစ်ယောက်ထဲ ကြိတ်ပြီး ပီတိတွေဖြာနေတာဆိုတာ။

" ဒီလကုန်ထပ်ရမယ့်ဟာလေ... " ရေးနေတဲ့ ဘောပင်ကိုချပြီးမှဆက်ပြောသည်။ " ဟိုဘက်မှာထိုင်နေတဲ့သူဌေးသားတွေက assignment တွေတင်ဖို့ အကြွေးတင်နေတယ်လေ အဲ့ဒါ baek ကို ပိုက်ဆံနဲ့ ရေးခိုင်းလို့ ရေးနေတာ..."

ကြားရတာ မချိမဆန့်။ ဘယ်လိုကောင်တွေလဲ။

" တစ်ဝက်ခွဲပေးလေ... ကူညီပေးမယ်..." Chanyeol ကပြောပြောဆိုဆို ဘေးနားမှာပုံထားတဲ့ စာရွက် အထပ်လေးကိုလှမ်းယူလိုက်တယ်။

ချက်ချင်းဆိုသလို Chanyeol လက်ကို လှမ်းဆွဲလိုက်ပြီးမှ " ဟာ... နေနေ... ဒါ baek အလုပ်လေ... ကိုယ့်ဘာသာ အေးဆေး နေပါ... ဒါ လုပ်နေကျ... "

Baekhyun ပြုံးပြီးပြောနေပေမယ့် Chanyeol ငိုချင်နေမိသည်။

ငါသေချာနေပါပြီ။ သူ့ရင်ဘတ်ကို ဖိကြည့်လိုက်သည်။

ငါသေချာသွားပါပြီ။
ဒီကောင်လေးကို ချစ်မိနေပြီလေ။

" baek??? "

assignment ရေးနေတဲ့သူအဖို့ ပြောနေတဲ့သူကို မော့မကြည့်အား။ " ဟမ်... ပြောလေ..." ထူးသာထူးလိုက်သည်။ ရေးတာကမပြတ်။

" ကိုယ် baek ကို ချစ်မိနေပြီ..."

လှုပ်နေတဲ့ လက်ချောင်းလေးများရပ်တန့်သွားသည်။

A boy who returned Where stories live. Discover now