အပိုင်း ၈

3.6K 295 7
                                    

Chanyeol တစ်ယောက်ကားစတီယာဒိုင်ကိုညာလက်နဲ့ကိုင်ပြီး ဘယ်လက်က cafe ဆိုင်ကကျောင်းသားလေးပေးတဲ့စာရွက်လေးကိုကြည့်လိုက်နဲ့မောင်းလာခဲ့တယ်။ စိတ်ထဲမှာလဲ Channie ကငါ့သားများလား ဆိုတဲ့ စိတ်... ခဏခဏကိုပေါ်လာတယ်။

ကိုင်ထားတဲ့စာရွက်ကနှစ်ရွက်။
တစ်ရွက်က ရဲစခန်းလိပ်စာ။
တစ်ရွက်က Channie ရဲ့လိပ်စာ။

၁၅ မိနစ်လောက် မောင်းပြီး ရောက်ပြီဟုထင်တဲ့နေရာမှာ ကားရပ်ထားခဲ့တယ်။ ပုံကြမ်းဆွဲပြီးပြထားတဲ့အတိုင်း လမ်းလေးထဲကို ချိုးပြီး လမ်းလျှောက်ဝင်သွားတယ်။

နောက်ဆုံးအိမ်ပုပုလေး။ အရှေ့မှာ ခြံထရံလေးတွေ ကာထားတယ်။ အရင်တုန်းက ဆင်းရဲသားရပ်ကွက်ကအိမ်တွေထက်စာရင် ဒါလေးကတော့ မပြောပလောက်ပါဘူး။

ခြံက သော့တွေဘာတွေလဲမခတ်ထားပါဘူးဆိုတော့ လက်နဲ့အသာလေးတွန်းပြီး ဝင်သွားရန်အလုပ်...

အထဲကနေ ရုတ်တရက် အသံတွေကြားလိုက်ရတော့ ခဏရပ်လိုက်သည်။ အရမ်း ရင်းနှီးနေတဲ့ ဒီအသံ။ ငါလုံးဝ မေ့လိုက်ပြီဆိုတဲ့ အဲ့အသံ။

Byun Baekhyun???

ဒါဆို Channie ကများ.... ငါနဲ့ရတာများ....

အတွေးတွေက ပိုပိုပြီး ဝေဝါးထွေပြားလာတယ်။

အိမ်ထဲက မြင်ကွင်းကတော့ Baekhyun ကို နောက်ကောင်လေးတစ်ယောက်က အတင်းဆွဲနေသည်။
ဘယ်သူပါလိမ့်။ Channie အဖေလား? Baekhyun နောက်တစ်ယောက်နဲ့တွဲနေကြတာလား?? ငါအခု ဘာလာလုပ်တာလဲ ဒီမှာ... ငါနဲ့ ဘာမှမဆိုင်တော့ဘူးလေ??

ပြန်လှည့်ထွက်ရန် အားယူနေတုန်းမှာပဲ...

" Baekhyun ရာ.... မင်းသွားလဲ မင်းပဲ ခံစားရမှာပဲ... တော်ပါတော့ကွာ... ကျေအေးပေးလိုက်ရင်ရော??"

" ကျေအေးမယ်?? ဘယ်လိုလုပ် ငါကျေအေးနိုင်မလဲ Yixing ရဲ့.... Channie လေးက သူ့ဒိုင်ယာရီမှာရေးထားတယ် ... သူ့အဖေနဲ့တွေ့တယ်တဲ့... အဲ့ဒါ... အဲ့ဒါ..."

" အဖေနဲ့တွေ့တယ်??? ဆိုတော့.... Park Chanyeol နဲ့ Channie တွေ့သွားတယ်လို့ပြောချင်တာလား???"

ထိုစကားများကြောင့် Chanyeol ပြန်ဖို့ တွန်းအားတွေ မရှိတော့ပါ။
Channie ကငါ့သား??
အဲ့ငါနဲ့တူတယ်ဆိုတဲ့ကောင်လေးချောချောလေးကငါ့သား??

A boy who returned Where stories live. Discover now