Neverland

1.3K 104 9
                                    

တစ်နေ့နေ့မှာများ ကြုံကြိုက်လို့နင်ငါ့ကမ႓ာလေးကို
အလည်လာဖြစ်မယ်ဆိုရင်...
ငါတို့အတူလမ်းလျှောက်ကြမယ်လေ.....
လက်တော့မတွဲထားရက်ပါဘူး နင်ကဒီအတိုင်းဧည့်သည်ပဲမလား ငါ့အတွက်။
ပြီးရင် နင့်ကို ငါစိုက်ထားတဲ့Tulipsပန်းခင်းကြီးထဲ
ခေါ်သွားမယ်။
ပန်းတွေကြိုက်လားမကြိုက်လားမသိပေမဲ့
နင့်စိတ်ကိုနည်းနည်းတော့ Tulipsပန်းတွေရဲ့
အနံ့ကသက်သာမှုပေးစေမယ်ထင်လို့ပါ.........
ဘာလို့Tulipsပန်းခင်းလဲလို့မေးမလို့လား.....
ငါချစ်လို့ပါ ပြီးတော့နင်နဲ့တူလို့လေ
အရောင်အသွေးစုံတယ် အဓိပ္ပါယ်ရှိတယ်။
ဆောင်းအကုန် နွေဦးရာသီမှာမှပွင့်တယ်
ပြီးတော့Tulips ပန်းတွေက ငါ့အသက်ဓာတ်လိုပဲ
အမြဲ ငါ့ကို ခွန်အားပေးနေတာ နင့်လိုပေါ့။    ။
ငါတို့တွေ ပန်းခင်းကြီးထဲ လမ်းလျှောက်ကြရအောင်.....
ငါTulipsပန်းတွေရဲ့ အလှကို နင့်ကို မြင်စေချင်သေး
တယ်။
နောက် ငါ့ကမ႓ာက Tulips ပန်းတွေက
နင့်အပြုံးနဲ့မှပွင့်ကြောင်း နင့်အနွေးဓာတ်နဲ့
အသက်ရှင်ကြောင်းလည်း ပြောချင်သေးတယ်။
နင်ကမသိလို့ နင်ကTulips ပန်းတွေထက်ပိုလှကြောင်းငါကသက်သေလည်းယူချင်သေးတယ်လေ။
ငါတို့တွေ လမ်းဆက်လျှောက်ရအောင် ဒီပန်းခင်း
အလွန်မှာ ဒီထက်ပိုလှတဲ့အရာတွေရှိသေးတယ်။
နင်သိသင့်တာတွေကျန်သေးတယ်!!
ဟိုမှာတွေ့လား'နေကြာပန်းပင်'လေးတစ်ပင် ကြည့်ဦးလှလား။
ဘာလို့တစ်ပင်လဲလို့မေးမလို့လား??
အဲ့တာငါလေ အဲ့နေကြာပင်လေးက ငါပဲလေ
ဘာအဓိပ္ပါယ်လဲလို့ထပ်မေးမလို့လား
ဟင့်အင်း...မဖြေဘူး နင့်ကိုမသိစေချင်ပါဘူး။
အခုမှအလည်လာတဲ့ဧည့်သည်ကို ငါ့ဘဝရဲ့
မွဲခြောက်ခြောက်ကြေကွဲခြင်းတွေမပြောပြချင်ဘူး။
အဓိပ္ပါယ်တွေအများကြီးနင်သိသွားလို့ ဝမ်းနည်းသွားမဲ့နင့်မျက်ဝန်းတွေကိုမမြင်ချင်ဘူးလေ........
ဒါပေမဲ့ပေါ့ တကယ်လို့များ အခွင့်ရှိခဲ့ရင်
ဒီနေကြာပန်းလေးက တစ်ဘဝလုံး နေမင်းကြီးကိုပဲ ကြည့်ခဲ့ကြောင်း သတိရသွားပေးပါ။
ဘာလိုလိုနဲ့ လျှောက်သွားနေကြတာ
နေတောင်ဝင်တော့မယ် ငါတို့မြစ်ကမ်းဘေး
သွားထိုင်ကြမလား....................
နေဝင်ပြီးကြယ်တွေထွက်တာ
အတူတူကြည့်ကြမယ်လေ ဒီကမ႓ာမှာလမရှိပဲကြယ်တွေပဲရှိတာ နင်သိပ်ကြိုက်မှာပဲ။
ငါတို့ကြယ်တွေကြည့်ကြရအောင်နော်...
မြစ်ကမ်းရောက်ဖို့ လမ်းနည်းနည်းလျှောက်ရမယ်
နင်လျှောက်နိုင်ပါ့မလား နင့်ခြေထောက်တွေ
နာကုန်တော့မှာပဲ...ဒုက္ခပဲ ငါစက်ဘီးစီးသင်ထားသင့်တာနော် နောက်တခါနင်လာရင် ငါစက်ဘီးစီးသင်ထားပါ့မယ်။
ဒါပေမဲ့...နောက်တခါဆိုတာရှိနိုင်လို့လား အင်းနော်....
ငါလည်းမျှော်လင့်ချက်ထားပြန်ပီ...
ဒီအတိုင်းပဲလမ်းလျှောက်ရအောင်......
မြစ်ကမ်းဘေးမှာ သစ်ပင်အကြီးကြီး တစ်ပင်ရှိတယ် ဘာအပင်လဲတော့ငါလည်းသေချာမသိဘူး
ငါ့မသိခြင်းတွေအများကြီးပဲ...ငါဘာမှသိပ်မသိဘူး
ငါသိတာက နင်တစ်ယောက်လောက်ပဲရှိတာ...
အဲ့အောက်မှာခဏဖြစ်ဖြစ်ထိုင်ရအောင်နော်.....
နင်သိလား ဒီလိုအချိန်မျိူးကို
ငါ့ဘဝတစ်လျှောက်လုံးစောင့်နေရတာလေ
မြစ်ဘေးမှာငြိမ်ငြိမ်လေးထိုင်နေတဲ့
နင့်ကိုငေးကြည့်ဖို့.......
နင်ကသိပ်လှတယ်။
ယောကျာ်းလေးတစ်ယောက်ကို
လှတယ်မသုံးသင့်ပေမဲ့ ငါ့မျက်လုံးထဲနင်သိပ်လှတယ်
လေတွေတိုက်တော့နင့်အကျႌတွေ
တဖြတ်ဖြတ်ခတ်သွားတဲ့အသံလေးက သီချင်းသံလေးလိုပဲ လေတွေတိုက်လို့နင့်ဆံပင်တွေလွင့်နေတာလည်းလှတာပဲ။
ငါ့အနားမှာ
ကြယ်လေးတစ်စင်းရောက်နေသလိုပဲ
ငါဘာလို့စကားမပြောတာလဲ ဟုတ်လား
အင်း...ငါဘာပြောရမလဲ ငါ့မှာတစ်ဘဝလုံးစာ
နင့်ကိုပြောစရာတွေအများကြီးရှိနေတာပဲ
ဒါပေမဲ့မပြောချင်ပါဘူး။
ဒီအတိုင်းလေးပဲ ဒီအခိုက်အတန့်လေးကို
ငါမှတ်ထားမှာ...တစ်ဘဝလုံးစာအတွက်ပေါ့...
နေဝင်သွားပီ ခဏနေရင်ကြယ်လေးတွေထွက်လာ
တော့မယ်။
ငါနင့်ကိုကြွားချင်ခဲ့တာ ငါ့ကြယ်လေးတွေဘယ်လောက်လှမှန်း အခုတော့ကြွားရတော့မယ်။
ဟင် ကြယ်တွေမဟုတ်ဘူး ငါ့ပုံတွေပါလားတဲ့၊
ဟာ အဲ့ဒါငါ့ကြယ်တွေပဲလေ ကြည့်ဦးမလှဘူးလား ကောင်းကင်တခုလုံးလင်းနေတာ လမင်းတောင်မလိုဘူးလေ...
ကြည့်ဦး အဲ့ကြယ်တွေက ကြွေစရာမလိုဘူးလေ
အမြဲတမ်းကောင်းကင်မှာတောက်ပနေတာ...
မလှဘူးလား သက်ဝင်လွန်းတယ်မလား
ဘာလို့လဲ ငိုနေတာလား မငိုပါနဲ့ နင်ငိုရင်
ငါ့ရင်ဘတ်ထဲကအောင့်လာလို့ ငါစိတ်မကောင်းပါဘူး။ဒါပေမဲ့နင့်ကိုငါဖြေသိမ့်ခွင့်လည်းမရှိဘူး...
ဘလို့လဲ မငိုပါနဲ့ ဘာတွေပဲဖြစ်နေဖြစ်နေ မငိုပါနဲ့
ဒီအတိုင်းလေးပဲ ပြုံးနေပေးပါ ၂၅နှစ်လုံးအရမ်းပင်ပန်းလာပီပဲ ပြုံးနေစေချင်ပီ။
နင့်ကို....
ညနက်လာပီ ပြန်တော့လေ နင့်တစ်နေ့တာကိုဒီလောက်အထိပေးတာ ကျေးဇူးတင်ပါတယ်...
ဟင် ငါ့ကိုပြန်လိုက်ခဲ့ခိုင်းတာလား????
မလိုက်ချင်ပါဘူး ငါဒီကြယ်တွေကိုမခွဲနိုင်ဘူး!!
ဒီTulipsပန်းတွေကိုလည်းမခွဲချင်သေးဘူး!!!
နင်ငါ့ကိုခွဲနိုင်လို့လားဟုတ်လား??
မခွဲနိုင်ဘူး ဒါပေမဲ့ ငါ့ကမ႓ာထဲမှာ နင်အမြဲရှိတယ်လေ...Tulipsပန်းတွေကနင်ပဲ
ကြယ်တွေဟာနင်ပဲလေ...
အရာအားလုံးကနင့်ကိုပုံဖော်ထားတဲ့ ပစ္စည်းတွေပဲလေ ဒါနင်ပဲပေါ့...
အစစ်အမှန်မှမဟုတ်တာတဲ့လား
ဒါကဘာအရေးကြီးလို့လဲ
ဘယ်အရာကအစစ်အမှန်နဲ့အတု
ဆိုတာကိုခွဲခြားရအောင်ထိ လောကကြီးက
မဖြူစင်ပါဘူး။
အစစ်အမှန်ဆိုတာကရော
ဘာများထူးထွေပြီးကောင်းသွားမှာမို့လဲ
ငါက ဒီအတိုင်းလေးပဲ နင့်ကို ချစ်ချင်တာလေ........
ညသိပ်နက်နေပီ နင်ပြန်သင့်ပီ...နောက်တခါလည်း
မလာနဲ့တော့ သိပ်ပြီးပျော်ဖို့မကောင်းဘူးလေ
ငါ့ကမ႓ာက..နင်ပျင်းနေမှာစိုးတယ် လာချင်တယ်ဆိုရင်တော့လာပေါ့ ငါကဒီနေရာလေးမှာပဲ နင့်ကိုစောင့်နေမှာ
ဪ ငါ့ကမ႓ာလေးနာမည်ကဘာလဲလို့မေးတာလား...အင်း....
'Neverland'တဲ့လေ.............Peter❤️
ငါ့တို့တွေ ဘယ်တော့မှ အသက်တွေမကြီးဘူး
ငါတို့တွေအတွက်....ငါရယ်နင်ရယ်အတွက်ပဲ သီးသန့်ရှိတဲ့ ငါဖန်တီးထားတဲ့ ငါ့ကမ႓ာလေး......

မရောက်သောစာတွေ.........Where stories live. Discover now