ဘဝတွေ ချီပြီး ဝေးတာတဲ့
ဘဝတွေချီပြီး လွဲတာတဲ့
ရင်နာစရာကြီးနော် Peter..........
တစ်စုံတစ်ယောက်နဲ့ တစ်စုံတစ်ယောက် မြင်နေရဲ့နဲ့
ဘဝနဲ့ချီ လွဲကြတာတဲ့၊
ဒါတောင် မရောက်နိုင်တဲ့ စာတွေ ဆုတောင်းတွေ
အဲ့တစ်စုံတစ်ယောက်အတွက်
ပို့ပေးနေတဲ့ လူတွေ ရှိသတဲ့၊
မင်းယုံလား Peter ကိုယ်ပြောပြမယ်
အဲ့ကလေးမလေးကလေ
'အေးချမ်းပါစေ၊ ကျန်းမာပါစေ၊ ပျော်ရွှင်ပါစေ၊
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ ရှိတဲ့
လူ့အသိုင်းအဝိုင်းထဲမှာ Peter ကတော့ဖြင့်
အချစ်ခံရပါစေ။
နှစ်လိုဖွယ်ကောင်းသော သူငယ်ချင်းမိတ်ဆွေတွေနဲ့ Peter တစ်ယောက်ကြုံရပါစေ။
အရာရာအတွက် အားပေးတတ်သော
ဘဝလက်တွဲဖော် ပိုင်ဆိုင်နိုင်ပါစေ။' အစသဖြင့်ပေါ့
ဘဝတွေ ချီပြီး လွဲလည်း ဒီဆုတောင်းစာတွေ
မရောက်နိုင်လည်း အဲ့ကလေးမကတော့
ပို့နေတာပဲ Peter ရယ်......
မိုက်မဲလိုက်တဲ့ကလေးမလေးပေါ့
ရောက်ခြင်း မရောက်ခြင်း ကျ သူ့အပိုင်း
မဟုတ်သလိုပုံစံနဲ့ နေ့နေ့ညည ပို့နေတာတဲ့။
ဒါပေမဲ့ အကယ်၍များ အကယ်၍များပေါ့လေ
သဘာဝလွန် အဖြစ်အပျက်တွေ မင်းဘေးမှာများ
ဖစ်နေခဲ့ရင် အဲ့ဒါ သူမပါပဲ Peter..................
ဝမ်းနည်းပြီး ခံစားချက်တွေ ရှူပ်ထွေးနေတဲ့
အချိန်မျိူးမှာ
လှည့်ဖျားတတ်တဲ့ လူတွေကြားထဲ
မင်းတစ်ယောက် သိပ်များ အခက်အခဲများ
တွေ့နေခဲ့ရင်၊
အိမ်မက်တွေဆီ သွားတဲ့လမ်းက သိပ်ကိုများ
ခက်ခဲကြမ်းတမ်းလို့ မောနေခဲ့ရင်လေ
'Peter ရေ အားမလျှော့နဲ့ကွာ မင်းဘေးနားမှာ ကိုယ်အမြဲ ရှိနေတယ်နော်'လို့ လေသံတိုးတိုးလေးများ
ကြားခဲ့ရင် အဲ့ကလေးမ စကားသံတွေလို့
မှတ်ပေးပါ Peter
ဒါဟာ ကလေးမလေးရဲ့မမြင်နိုင်တဲ့
စိတ်စွမ်းအင်တွေနဲ့ ပို့ထားတဲ့ ဆုတောင်းစာပါ။
ဘဝတွေချီ လွဲတာတောင် ရောက်တဲ့ ကလေးမရဲ့
ရင်ထဲက ဆုတောင်းစာတွေလို့ မှတ်ယူပေးပါ.....
ယုံရဲ့လား ယုံရဲ့လားဟင်၊
ကိုယ်ကတော့ မင်းနဲ့ပတ်သက်ပြီး
အကုန် ယုံနေတာပဲကွယ်။
ဒါကြောင့်မို့လေ...
ဒီဘဝမှာတော့ ဒီကလေးမနဲ့လွဲပြီးရင်လေ
နောက်ထပ် နောက်ထပ် မလွဲရအောင် Neverland စီ Peter ပြန်ခဲ့လာပါတော့ကွယ်
ကိုယ် လွမ်းလှပါပြီ
ကိုယ်မောလှပါပြီ အချစ်ရယ်