ပြိုလဲတယ်ဆိုတာ ဘယ်လိုမျိူးကိုခေါ်လဲ ပီတာ
ဥပမာ လူတစ်ယောက်က မပျော်တာတွေအများကြီးထဲကမှ ဘယ်အရာကသူ့အတွက် အထိခိုက်ဆုံးမှန်းသိရဲ့နဲ့ အဲ့အရာကိုပဲ ဖက်တွယ်မိနေတာမျိူးလား......
ဒါဆို ကိုယ် လုံးလုံးမပျော်ဘူး ပီတာ......
ကိုယ် အပြိုပြိုအလဲလဲ ဖြစ်နေတယ် ပီတာ.....
ကိုယ်တို့တွေ ဝေးနေတာ နှစ်သန်းပေါင်းများစွာ ကြာနေပီလို့ ကိုယ်ခံစားနေရတယ် ပီတာ။
ဒီလိုမဟုတ်တာ ကိုယ်သိရဲ့နဲ့ ထပ်ခါထပ်ခါ ကြေကွဲပြနေတယ်ပီတာ မဟုတ်သေးဘူး ကိုယ်တို့မနီးစပ်မှန်း အစထဲကသိရဲ့နဲ့ဝေးကွာသွားပီလို့ ခံစားမိလို့ လို့ ကိုယ် သုံးသင့်လား?
တစ်နှစ်ပြီး တစ်နှစ်သာပြောင်းသွားတယ် ပီတာ
ကိုယ်တို့ ပိုလည်း မနီးလာပါလား
ပြောစမ်းပါ နီးစပ်ဖို့ အခွင့်အရေးတံတားတွေကို ဖြိုချနေတာ မင်းမဟုတ်ဘူးလို့ ယုတ္တိရှိရှိ ညာစမ်းပါ ကိုယ့်ကို!!!!
အဲ့ပြိုကျသွားတဲ့ အပြိုအပျက်တွေကို ယောင်လို့တောင် သွားပြန်မကြည့်နဲ့ ပီတာ
ကိုယ့် အပိုင်းအစတွေပဲ မင်းရှာတွေ့လိမ့်မယ်...
မင်း နည်းနည်း ကြေကွဲသွားတယ်လို့ ဟန်ဆောင်ပေးစမ်းပါ!!
အခု ဘယ်တုန်းကမှ မဝေးကွာခဲ့ဖူးသလိုပုံစံမျိူးနဲ့ ကိုယ်မင်းကို လွမ်းနေတယ် ပီတာ.........
ဒါကြောင့်မို့ ဒါကြောင့်မို့ ကိုယ့်ကိုလည်း မင်းလွမ်းနေတယ်လို့ နည်းနည်းပဲ ဖြင့်ဖြင့် ကိုယ့်ကို ညာပါ ပီတာ