Confession

633 60 0
                                    

ကိုယ်က သိပ်ချစ်လွန်းလို့ ပီတာကိုသတ်ပစ်ခဲ့တယ်....အင်း....ကိုယ် ဝန်ခံရမယ်....ဒါကို
ပီတာက ကိုယ့် Neverland ထဲမှာ မပျော်တော့ဘူးတဲ့!သူပြန်ချင်ပီတဲ့ အဲ့နေ့ပဲ သူ့ကို သတ်လိုက်တယ်။
ကိုယ်သူကောင်းဖို့ပါ.....
တကယ့်ကမ႓ာမှာ သူအခက်အခဲတွေ တွေ့ပြီး စိတ်ညစ်မှာစိုးလို့ ကိုယ်က ပီတာ့ကိုလွတ်လမ်းရှာပေးလိုက်တာ၊ ပီတာက ငြိမ်ငြိမ်လေးပဲ သေသွားတာ....
သူသေမှန်းတောင်မသိလိုက်ဘူး ထင်ရဲ့...
အင်းပေါ့...အိပ်ပျော်နေတုန်း ဓားနဲ့ ထိုးလိုက်တော့ သိပ်မနာဘူးနေမှာ အို နာလည်း ဘာအရေးလဲ သူ Naverland ထဲကထွက်ရင် ဒီထက်ပိုနာကျင်ရမှာ.....
ပီတာက ကိုယ့်ဘေးနားမှာ အိပ်နေတယ်။သေနေတယ်လို့မထင်ရအောင် ငြိမ်ငြိမ်လေးပဲ အိပ်နေတယ်။
ကိုယ့်စိတ်နဲ့ဆို ကိုယ် ဒီအတိုင်းထားချင်တယ်
ဒါပေမဲ့ မမြဲချင်းတရားတွေက ဒီ Naverland အထိ ရှိနေတယ်။နှစ်ရက်လောက်ကြာတော့ အနံ့တွေ အရည်တွေ ထွက်လာတယ်။
ပီတာနဲ့ ညတိုင်းဖက်အိပ်ရတာ အဆင်မပြေတော့ဘူး။
ကြာရင်ပျက်စီးသွားမှာစိုးရတယ်....
ကိုယ် ပီတာကို ချုပ်ငြိမ်းပေးသင့်ပီပေါ့။
ဒါပေမဲ့ ဒီအတိုင်းတော့ မဖြစ်ဘူး။
Naverland ထဲမှာပီတာ အရိပ်တွေ အမြဲ ရှိနေချင်တယ်။အဲ့တော့နေရာတိုင်းမှာ ပီတာ့ကို ထားသင့်တယ်လို့ ကိုယ်ထင်တယ်။ ။
ကိုယ်အတွေးကို ကိုယ်ချက်ချင်းပဲအကောင်အထည်ဖော်လိုက်တယ်။
အရင်ဆုံး ပီတာ့ခေါင်းကို Tulips ပန်းခင်းတွေအောက်ထားဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါကအသင့်လျော်ဆုံးပဲမလား ပီတာကTulips လိုပဲလှတယ်လေ။
ခေါင်းကို ခုတ်ဖြတ်တော့ သွေးတွေနည်းနည်းထွက်လာတယ်။ ထင်သလောက်ထွက်မလာတော့ဘူး ကြာပီမလား ပီတာ ငြိမ်သက်သွားတာ............
သွေးနည်းနည်းကို ကိုယ်ပုလင်းနဲ့ သိမ်းထားလိုက်တယ်။ နောက် ကိုယ်လွမ်းတိုင်းသောက်ဖို့ပေါ့၊
ပြီးတော့ ပီတာ့လက်တွေ ကိုယ်အမြဲကိုင်ထားဖူးတဲ့လက်တွေ..ကိုယ်ချစ်လွန်းလို့ တစ်ချောင်းချင်းစီခုတ်ပြီး tulips ပန်းခင်းဘောင်မှာ စိုက်ထားလိုက်တယ်။ သေသွားတာတောင် မနာလိုစရာကောင်းအောင် ပီတာ့ လက်တွေကလှတုန်းပဲ။
နောက် ခြေထောက်တွေ ကိုယ်အမုန်းဆုံးပေါ့
ကိုယ့်ဆီက ထွက်သွားချင်တာ သူတို့မလား!
ကိုယ် တစစီ ခုတ်ပလိုက်တယ် ပြီးတော့ မြစ်ထဲမျောလိုက်တယ်။ ဒါတောင် မြစ်ထဲကငါးတွေစားမှာစိုးလို့ အဲ့ငါးတွေကိုအရင်သတ်ရသေးတယ် စောက်လုပ်ရှူပ်လိုက်တာ ပီတာရယ် မင်းသေတာတောင် ကိုယ့်မှာ နှမြောရသေးတယ်။
နောက်ဆုံး ခန္ဓာကိုယ်ကြီးပဲ ကျန်တော့တယ်။
ဘာလုပ်ပစ်ရမလဲ ကိုယ်မသိသေးဘူး။
ဒီလိုနဲ့ပဲ ကိုယ်ခေါင်းအုံး အုံးပစ်ထားလိုက်မိတယ်။
ညတွေဆို tulips ပန်းခင်းဘက် က သီချင်းသံသဲ့သဲ့ကြားတယ်။
တစ်ခါတလေတော့ အိမ်မက်ထဲထိ လာငိုတယ်။
ခက်တယ် ပီတာရယ် ကိုယ်က မင်းကောင်းဖို့လုပ်ထားပေးတာကို.....သိပ်မညည်းနဲ့ ပီတာရယ်
ကိုယ်စိတ်မရှည်ရင် မင်းဝိဉာဉ်ကိုပါ ထပ်သတ်ပစ်မယ်။
Neverland က အကျယ်ကြီးပဲ ဒီအတိုင်းလျှောက်သွားနေပေါ့ အချိန်တန်တော့ ကိုယ့်ဆီပြန်လာ။
ကိုယ်ကတော့ မင်းကိုယ်ပေါ်မှာ ခေါင်းလေးအုံးပြီးစောင့်နေဦးမှာ........

မရောက်သောစာတွေ.........Where stories live. Discover now