မင်းအတွက်ဆို ကိုယ် ဘုရားတွေအားလုံးကိုလည်း
ယုံတယ်။
နတ်ဘုရားတွေအားလုံးကိုလည်း ယုံတယ်
မမြင်နိုင်တဲ့ ပြောရခက်တဲ့ စိတ်စွမ်းအင်တွေကိုလည်း
ယုံတယ်။
ဘာမှမမြဲ ဘာမှကြာကြာဆုပ်ကိုင်မထားတတ်တဲ့
ကိုယ့်ရဲ့ အူကြောင်ကြောင်ဘဝထဲက
မင်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကိုလည်း
ယုံတယ်
ကိုယ့်ရဲ့ ကိုးကွယ်ယုံကြည်မှုက မင်းပဲ
ကိုယ့်ရဲ့ အသက်ဓာတ်ဆိုတာ အဲ့
မျက်ဝန်းကျဉ်းကျဉ်း လေးထဲမှာပဲ
ကိုယ့်ရဲ့ paradise ဆိုတာ အဲ့လူသားရဲ့
လက်ချောင်းလေးတွေ ခပ်ညင်ညင်သာသာ
လှုပ်သွားတာမျိူးကို ကြည့်လိုက်ရတာမျိူးက
စတာပဲ...........
မေတ္တာတရားကို ကိုယ်မသိပါဘူး.......
ကိုယ် အဓိပ္ပါယ်လည်း မဖွင့်တတ်ပါဘူး......
ကိုယ်သိတာက မင်း အပေါ်
ကိုယ့်ယုံကြည်ခြင်းတွေပါပဲ
ကိုယ့် နတ်ဘုရားလေးရယ်