မေတ္တာထားတာလို့ဖြေတယ်။
လူတွေက မင်းကို ဘယ်လိုသဘောထားလဲ မေးရင် မေတ္တာရှိတာလို့ ဖြေတယ်။
မေတ္တာထားတယ်ဆိုတဲ့ နောက်မှာ စေတနာထားတာ ဂရုစိုက်တာ ဂရုဏာထားတာ
သနားချစ်မြတ်နိုးတာတွေပါ ကပ်ပါတယ်။
အေးချမ်းခြင်းတွေ ပါစေလိုတဲ့ သဘောနဲ့
မေတ္တာထားတယ်လို့ပဲ ပြောဖြစ်တယ်။
ဒါကြောင့်လည်း မင်း ကိုယ့်မေတ္တာတွေကို
ဥပေက္ခာပြုလိုက်တဲ့ အချိန်တိုင်း တစ်ခုခုဖြစ်မှာ
သိပ်စိုးရိမ်တယ်။
မေတ္တာများ စူးသွားမလား ဝဋ်ဆိုတာကြီးများ
မင်းခံရမလားဆိုပြီးပေါ့။အဲ့ဒါကြောင့် အခုနောက်ပိုင်းဆို ကိုယ့်မေတ္တာတွေ
မင်းဆီ မရောက်ပါစေနဲ့တော့လို့
ဆုတောင်းမိပြန်တဲ့အထိပဲ။
မင်းများ ကိုယ့်ကိုလျစ်လျူရှုလိုက်ရင်
မေတ္တာစူးသွားမှာ တကယ် စိုးရိမ်မိပါတယ်။
အဲ့သလောက်အထိ မင်းကို ကိုယ် မေတ္တာထားပါတယ်။
ဝဋ်နာကံနာများ ကိုယ်တို့ကြားထဲရှိခဲ့ရင်
ကိုယ်ပဲ ဒီဝဋ်ကြွေးရဲ့ အကျိူးအပြစ်တွေ ခံယူပါ့မယ်။
မင်းကတော့ အေးချမ်းနေပါစေပေါ့။
ဘဝတစ်ခုမှာ မင်းက ပျော်ရွှင်စွာနေထိုင်ပြီး
မင်းရဲ့မကောင်းတဲ့ကံတွေ အဆိုးအပြစ်တွေကို
ကိုယ်က ကိုယ်စားခံပေးနေရတယ်ဆိုရင်ပဲ
ကိုယ် ကံအကောင်းဆုံးလူသား ဖြစ်နေပါပြီ Peterရယ်......
ကိုယ် မင်းကို မေတ္တာထားတာပါ............
ကိုယ် မင်းကို မေတ္တာရှိတာပါ.....................