ချစ်လှစွာသော ပီတာရေ....
ဒီစာကို မင်းဖတ်ဖြစ်မယ်လို့ မထင်ပါဘူး။
ဖတ်ဖြစ်ရင်လည်း ဖတ်ဖြစ်မှာပေါ့လေ....
ကိုယ်ကတော့ မင်းဆီမရောက်နိုင်ဘူး အထင်နဲ့ရေးခဲ့တာပဲ။
သိပ်ချစ်ရတဲ့ ကိုယ့်ရဲ့ပီတာရေ....
ဒီစကားလေး ကြားဖူးလား
တစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်က အရင်းနှီးဆုံး မကောင်းဆိုးဝါးဆန်ဆန် ပတ်သက်နေရသ၍ ငါတို့တွေဟာ မိစ္ဆာတွေ ဖြစ်နေကြဦးမှာပဲဆိုတာကိုလေ၊
ကိုယ့်တို့နှစ်ယောက်လည်း အတူတူပဲနော်.....
ဘယ်ကနေ ဘယ်လို စမှားခဲ့လဲ မသိပေမယ့်
ကိုယ်တို့သိတဲ့အချိန်မှာတော့
တစ်ယောက်ရင်ကိုတစ်ယောက်
ဓားတွေနဲ့ထိုးနှင့်နေပြီးသား ဖြစ်ကုန်ကြပြီ။
ကိုယ်စိတ်မကောင်းပါဘူး ပီတာရယ်။
ကိုယ့်ကို ဖြစ်နိုင်ရင် လွတ်မချပါနဲ့လား....
ကိုယ်ကလေ အက်ရာတွေအများကြီးပဲ။
မင်းလွတ်ချလိုက်တာနဲ့ တစစီကွဲသွားတော့မှာ....
ကိုယ့်ကို ဖြစ်နိုင်ရင် ချန်မထားခဲ့ပါနဲ့လား
ကိုယ်ကလေ မင်းထားရစ်ခဲ့တယ်လို့
အိမ်မက်လေး မက်ရင်တောင် ဘုရားစင်ရှေ့ပြေးပြီး
ဘုရားကိုအပူကပ်နေမိတာ.....
ဒီကာလတွေမှာ မင်းကိုမပြောဖြစ်ခဲ့ပေမယ့်
ကိုယ်မင်းကို လွမ်းတာရော သတိရတာရောပေါင်းပြီး
ကိုယ်လုံးဝ အဆင်မပြေပါဘူးကွယ်.....
ကိုယ့်ကို လွတ်မချလိုက်ပါနဲ့ဦး
လွတ်မချလိုက်ပါနဲ့ဦးကွယ်.....