မင်းမရှိရင် မပျော်ရပါဘူးဆိုတဲ့ ကျိန်စာက်ို
ဘယ်သူကျိန်ထားတယ် ထင်လဲ Peter?
ကိုယ်ပါပဲ ဟောဒီက ကိုယ်ပါပဲ အချစ်ရယ်..
မင်းမရှ်ိရင် မပျော်တဲ့ ကျိန်စာကိုရော
ဘယ်သူမိထားတယ်ထင်လဲ?
ကိုယ်ပဲပေါ့ Peter ရယ်...
ဒီမှာ.......
ကိုယ့်ကိုကြည့် Peter
ဒီမေတ္တာတွေကြောင့် နာကျင်ရပြီး
ဒီမေတ္တာတွေကို မလွှတ်ချနိုင်တာကိုယ်ပဲ
ဒီနာကျင်မှုတွေကို လူးလှိမ့်ခံစားပြီိး ဒီနာကျင်မှုတွေကို ဖန်တီးနေတာ ကိုယ်ပဲ.......
လက်တစ်လှမ်းစာအကွာအဝေးမှာ ပျော်ရွှင်ခြင်းရှိနေတာတောင် မင်းမပါရင်မသွားဘူးလို့
မင်းမရှိရင် မပျော်ရပါဘူးလို့ ကိုယ့်ဘဝကို
သော့ခတ်ပိတ်ထားပစ်ခဲ့တာ
ကိုယ်ကအဲ့လိုလူပါ အချစ်
အမှောင်ချပြီး ပိတ်ထားတဲ့ ခပ်ကျဉ်းကျဉ်း
အခန်းလေးထဲမှာ
မင်းမရှိတဲ့ မင်းရှိလာမှာမဟုတ်တဲ့ မင်းမရှိဖူးခဲ့တာတောင် မင်းအငွေ့အသက်တွေ
ကိုယ့်ဘာကိုယ်ဖန်တီးပြီး
နာကျင်မှုတွေကို လိုလိုလားလား
ယူနေတဲ့သူ အဲ့ဒါကိုယ်ပဲ....
ကိုယ်ပဲပေါ့။
ဒီလောက်နာကျင်တာ ရုန်းထွက်ဖို့ မကြိုးစားဘူးလားတဲ့ Peter ရယ် လူတွေ ကိုယ့်ကိုမေးကြတယ်
ကိုယ်ကလေ သွေးအလူးလူးဖြစ်ပြီး
ဒဏ်ရာဗလပွနဲ့ နာကျင်နေရင်တောင်
မင်းနာမည်အော်ခေါ်ပြီး မင်းကိုသတိရဖို့ပဲ
ကိုယ်သိတာ Peter......
ကိုယ်ဒီ ငရဲတွင်းထဲကနေ ဘယ်တော့မှ
ပြန်တ်လာမှာမဟုတ်တော့ဘူး Peter......
ကိုယ်ကလေ ကိုယ့်ကျိန်စာနဲ့ကိုယ်ရူးတာ Peter
ကိုယ့်ကျိန်စာ ကိုယ်ပြန်မိနေတာ Peter
နာကျင်ရရင်တောင် ဒါကိုယ့်ကြောင့်သက်သက်ပဲ Peter............
ကိုယ်ကအရူးပါပဲ Peter
မင်းကိုမှ တမ်းတမ်းစွဲရူးနေတဲ့ အရူးပဲ
မင်းအတွက်ပဲ သီးသန့်နာကျင်နေပေးတဲ့ အရူးပဲ
ဒါတွေကတော့မင်းမသိလည်း ဖြစ်တဲ့
ကိုယ့်ရဲ့ ညည်းညူသံတွေပဲ Peter.....
မင်းသိလို့မဖြစ်ဘူး....မင်းကိုဘယ်တော့မှ ပေးမသိဘူး