Chapter 4

2.1K 302 9
                                    

*ချက်​ ချက်​ ချက်​*

တိုင်ကပ်​နာရီက စည်းချက်​ညီညီ စက္ကန့်​​တွေကို တိုက်​စား​နေသည်​! ဘယ်​နာရီကုန်​ဆုံးခဲ့ပြီလည်း ကျွန်​​တော်​မသိဘူး​နေ့လား ညလား ကျွန်​​တော်​မသိဘူး! လက်​ရှိကျွန်​​တော်​လက်​​တွေက ကွန်​ပြူတာ ခလုပ်​များ​ပေါ်​ပြေးလွှားထိ​တွေ့​နေပြီး  မျက်​စိအာရုံက screen တ​လျှောက်​ အ​ပေါ်​အောက်​​ပြေးလွှာလျှက်​! ​လက်​ရှိကျွန်​​တော်​က Yukina မဟုတ်​ပဲ ကျွန်​​တော်​ ဖန်​တီးထားတဲ့ ဇာတ်​​ကောင်​ Takeshi ဖြစ်​သည်​! Takeshi ရဲ့ အချစ်​ အမုန်း ဝမ်းနည်းပူ​ဆွေးမှု ​ပျော်​ရွှင်​မှု ထိတ်​လန့်​မှု ကြည်​နူးမှု အားလုံးကို ထပ်​တူ ကျွန်​​တော်​ခံစားရသည်​!

"..kina! Yukina!!"

"..............."

"Yukina!!!"

"..........."

Tatsumi ​ခေါ်​သော်​လည်း Yukina က ပြန်​မထူး​ပေ! Screen ကိုသာ စိုက်​ကြည့်​ပြီး စာ​တွေ တ​ချောက်​​ချောက်​နှင့်​ရိုက်​​နေဆဲ!

*Sigh*

Tatsumi သက်​ပြင်းချလိုက်​မိသည်​! သိတာ​ပေါ့ Yukina တကယ်​ဈန်​ဝင်​ရင်​ဘယ်​လိုဆိုတာ! သူအခု Yukina ဟုတ်​ဟန်​မတူ သူ့ဇာတ်​လမ်းထဲက ဇာတ်​​ကောင်​ တစ်​​ယောက်​​ယောက်​ဖြစ်​​နေ​ပေလိမ့်​မည်​! Tatsumi Yukina ရဲ့ ပုခုံးကို​ကျော်​ပြီး screen ကို လှမ်းကြည့်​လိုက်​သည်​!

**အင်း Takeshi ဆိုပါလား**

"Takeshi"

Tatsumi အနူးညံ့ဆုံး ​လေသံနဲ့ တိုးတိုး​ခေါ်လိုက်​တယ်​!

"ဘာလည်း Hina .......!"

အ​မေးစကားနဲ့ အတူ Tatsumi ဖက်​လှည့်​လာတဲ့ Yukina ရဲ့ မျက်​နှာ​ပေါ်မှ ချိုလွန်းလှတဲ့အပြုံးက  Tatsumi မျက်​နှာကို မြင်​တဲ့ အခါ တဝက်​တပျက်​နဲ့ အဆုံးသတ်​သွား၏!

Yukina က မျက်​​မှောင်​ကျုတ်​လိုက်​ရင်း .....

"ဘာတုန်း မင်းက?"

"မင်းကို ငါ​ခေါ်​နေတာကြာပြီ ဖုန်း​တွေလည်းမကိုင်​ဘူး အဲ့ဒါနဲ့လိုက်​လာတာ"

"​သြော်​ ဘာကိစ္စရှိလည်း မရှိရင်​ပြန်​ ရှိရင်​လည်း မြန်​မြန်​​ပြော"

You, He, Me & StarsWhere stories live. Discover now