"Yukina ငါလေ သေသွားလို့ နောင်ဘဝကျရင် ကြယ်လေးဖြစ်ချင်တယ်"
"ဘာလို့လည်း?"
"ကြယ်လေးဖြစ်သွားရင် မိုးပေါ်ကနေ မင်းကို တချိန်လုံးကြည့်နေလို့ရတာပေါ့"
"ah~ ha ha ha"
Yukina ချွေးတွေရွှဲနစ်ကာ နိုးလာပြန်သည်! အိမ်မက်တိုင်းကို သေချာမှတ်မိဖို့ကြိုးစားခဲ့သည် မှာ မအောင်မြင်သေး! အိမ်မက်ထဲက သူ့ကို မှတ်မိလုမှတ်မိခင် ဖြစ်နေပေမယ့် တကယ်သေချာပြန်စဉ်းစားလိုက်ရင် ဝေဝါးနေဆဲ! Yukina ဆုံးဖြတ်ချက်ချလိုက်သည်!
ကျွန်တော့် အိမ်မက်တွေကို သိဖို့ရာ အိမ်မက်တွေနောက်ကိုလိုက်မှ ရတော့မှာပေါ့! အိမ်မက်တွေက ညွှန်ပြနေတဲ့နေရာ ကြယ်စုံတဲ့ကောင်းကင်ကို မြင်နိုင်ပြီး ရှေးဟောင်း အငွေ့အသက် တချို့ရှိတဲ့ ကျွန်တော့် မွေးရပ်မြေ!
**************************************************************
Yukinaရဲ့ တိုက်ခန်းရှေ့ အရောက် Tatsumi ကို တံခါးကြားမှာ ညှပ်ထားတဲ့ စာရွက်ဖြူလေးက ဆီးကြိုနေသည်!
"Tatsumi
ငါ နယ်က အိမ်ကို ခဏပြန်သွားတယ်!
Yukina""ဟာ ဒီကောင် မပြောမဆို လုပ်ပြန်ပြီ"
စာရွက်ကို ကုတ်အကျီအိပ်ကပ်ထဲထည့်လိုက်ရင်း ဖုန်းနံပတ်တချို့ကောက်နှိပ်လိုက်သည်!
"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ဆက်သွယ်မှု...."
**ဘာတွေများဖြစ်ပြန်ပြီလည်း Yukina ~ ဘာလို့ ကောက်ခါငင်ကာ ပြန်သွားရတာလည်း?**
************************************************************
ရထားလေးက ခရီးတစ်ခုဆီသို့ ဦးတည်ကာ အရှိန်ပြင်းပြင်းခုတ်မောင်းနေသည်! ပြတင်းပေါက်က မြင်နေရတဲ့ ရှုခင်းတွေကိုငေးကြည့်ရင်း Yukina အတွေးနယ်ချဲ့နေမိသည်!
ကျွန်တော် မရည်ရွယ်ပဲ မေ့သွားခဲ့တဲ့ အတိတ်တစ်ခုနဲ့ အိမ်မက်တွေက ဆက်စပ်မှုရှိသလား?
YOU ARE READING
You, He, Me & Stars
Fanfiction"Yukina ! ကြယ်တွေအပြည့်နဲ့ ကောင်းကင်က အရမ်းလှတာပဲနော်" "Yukina ! ကြယ်တွေကြွေရင် ဆုတောင်း ! ပြည့်တယ်တဲ့" အိမ်မက်ထဲက ကြယ်တွေအကြောင်း ပြောပြသူဟာ ဘယ်သူများလည်း ...... This is my own creation story ! Please enjoy mina ... >33<